Josip Broz Tito တစ်တိုး
လင်းယုန်နီ ဘာသာပြန်ခဲ့တဲ့ တစ်တိုးထံ အမှုထမ်းစဉ်ကစာအုပ်မှာ ဒဂုန်တာရာနဲ့ ဗန်းမော်တင်အောင်တို့ ရေးခဲ့တဲ့ အမှာစာရဲ့ နောက်ဆုံးစာမျက်နှာတချို့ပါလို့ ဖတ်ရပါတယ်။ ကျေးဇူး။
တော်လှန်ရေးတရပ် ခေတ်တခေတ်ကို တည်ဆောက်နေကြတယ်။ တနည်းအားဖြင့် ရာဇဝင် အခဏ်းတခဏ်းကို စုပေါင်းပြီး ရေးနေကြတယ်။ တနည်းအားဖြင့် ဆိုရှယ်လစ်ဗမာနိုင်ငံဆိုတဲ့ အလုပ်သမား လယ်သမား ဗိမာန်ကြီးကို တည်ဆောက်နေကြတယ်ဟု ပြောသည်။
သတ်ပုံကိုသိစေလိုလို့ တင်ပြလိုက်တာပါ။ တော်လှန်ရေးတစ်ရပ် မဟုတ်။ ခေတ်တစ်ခေတ် မဟုတ်။ တစ်နည်းအားဖြင့် မဟုတ်။ အခဏ်းတစ်ခဏ်း မဟုတ်။
အဲဒီစာအုပ်ထဲက တစ်တိုးဆိုတာ ယူဂိုဆလားဗီးယားခေါင်းဆောင် ဂျိုးဆစ် ဘရော့ဇ် တီးတိုးဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက တီးတိုးလို့သာရေးခဲ့တယ်။ သူဟာ ယူဂိုဆရားဗီးယား ကွန်မြူနစ် တော်လှန်ရေး ခေါင်ဆောင်ဖြစ်ပြီး ၁၉၄၃ ခုနှစ်ကနေ ကွယ်လွန်တဲ့ ၁၉၈ဝ အထိအုပ်စိုးခဲ့သူဖြစ်တယ်။ မာရှယ်တီးတိုးလို့ ခေါ်ကြတာ များတယ်။
သူကွယ်လွန်ပြီးတဲ့နောက်မှာ ယူဂိုဆလာဗီးယားဟာ ခရိုယေးရှား၊ ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီးယား၊ ဘော့စနီးယား ဟက်ဇာဂိုဗီးနားနဲ့ ဖက်ဒရယ်ယူဂိုဆလာဗီးယား (ဆားဗီးယား + မွန်တီနေဂရိုး) ရယ်လို့ အစိတ်စိတ်ကွဲသွားတယ်။
မာရှယ်တီးတိုးဟာ ကမ္ဘာ့သမိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ စထောင်းမင်း ခေါ် အစွမ်းကြီးမားတဲ့ အာဏာရှင်ကြီးများစာရင်း ထဲမှာပါတယ်။
မြန်မာပြည်မှာတော့ အာဏာရှင် ဗခက နေဝင်းလက်ထက်ကတည်း တစ်တလုံးတိုးတဲ့ခေတ် ဖြစ်လာတယ်။ အခုထိ။
ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၈
ပုံ Naung Kyaw ကျေးဇူး။

Comments
Post a Comment