စ စပယ်ဖြူ မွှေးကြူကြူ

အလွယ်ဝယ်လို့ရတဲ့ အဘိဓာန်တွေ၊ ကနေ့ထုတ်စာအုပ်တွေထဲက သတ်ပုံတွေကသာ အမှန်လို့ထင်ပြီး တယောက်ပြီး တယောက် ရေးနေကြတယ်။ စံပယ်ပန်းတဲ့။

ကျွန်တော်တို့ကတော့ စပယ်ပန်းနဲ့ပဲကြီးပြင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာစာဆရာဆရာမတွေကလည်း အမှန်ပဲ သင်ပေးကြတယ်။ စ စပယ်ဖြူ မွှေးကြူကြူ၊ ဆ ဆရာရိုသေပါ။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)၊ စာမျက်နှာ (၃၄၉) မှာလည်း စပယ်လို့ရိုက်နှိပ်ထားပါတယ်။ ကျွန်တော်တို့ငယ်ငယ်က စပယ်ပန်းတွေက အတော်ကိုမွှေးပါတယ်။ ခုခေတ်စံပယ်ပန်း မွှေးမမွှေး မသိပါ။

ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာ
- စပယ်တဲ့လေးရုံ
- မလေးကွယ်မပန်ခိုက် (ထိုက်)
- ပန်းပြတ်ခိုက်ကြုံ
- အပွင့်ရယ်ကုန်
- တငုံကျန်ပါသေး
- ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
- ခေါင်းဖြီးခဲ့လေး။

တစ်ငုံလည်း မဟုတ်ပါ။ ပန်းဆိုတာ သတ်ပုံမှန်မှသာ မွှေးတယ်။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး