ပင်ကိုယ်
ပင်ကိုယ် ကို ခု အဘိဓာန်တွေမှာ ပင်ကို လို့ ပြတယ်။ ဒါနဲ့ ပင်ကိုလို့လိုက်ရေးတော့ ၂ မျိုးလုံး မှန်သတဲ့။ ၂ မျိုးတွဲရေးရပုံပေါ်နေပြီ။
အဲလိုရေးတာ တခြားသူမဟုတ်။ ဆရာမောင်စွမ်းရည်။
အစိုးရထုတ် မြန်မာအဘိဓာန် စာမျက်နှာ ၂၂ဝ မှာ ပင်ကို = မူလ တဲ့။ အွန်လိုင်းအဘိဓာန်မှာ ရောရေးထားတာတွေ့တယ်။
ဆရာရှင့် နကိုယ်ဆိုတာ နဂိုကို ပြောတာလား၊ နကိုယ်လို့ ရေးရတာလားဆရာ။ နဂိုကမှားနေတဲ့ အရေးအသားလားဆရာ။
နဂိုလို့သာ ရေးရတယ်။ နကိုယ်လို့ မရေးရပါ။ သတင်းတပုဒ်မှာလည်း နဂိုရ်စစ်အစိုးရလို့ ဖတ်ရတယ်။ အဲတာ မှားတယ်။ မူလပင်ရင်း နဲ့ ယခင်အတိတ် အဓိပ္ပါယ်လွဲသွားမယ်။
ဂို = နဂိုမူလ
ပင်
ကိုယ်ပင်
ပင်ကိုယ်
ပင်ချည်ပင်ချ
ပင်ဂွင်ငှက်
ပင်စင်စား
ပင်စည်
ပင်စိမ်းပင်
ပင်တိုင်စံမိဖုရား
ပင်ထွက်ညွန့်သန်
ပင်နယန်
ပင်နီဆီလင်
ပင်နီဖျင်
ပင်ပင်ပန်းပန်း
ပင်ပန်း
ပင်ပျပ်
ပင်မင်းဆိုင်
ပင်မကြီး
ပင်မှည့်
ပင်ပြတ်
ပင်မြွာ
ပင်ရည်
ပင်ရှင်စား
ပင်လုံးကျွတ်
ပင်လတ်
ပင်လယ်
ပင်စောက်
ပင်ထောင်
ပင်နု
ရှင်ပင်
သစ်ပင်
နွယ်ပင်
ကိုယ်
ကိုယ်ကာယ
ကိုယ်ချင်းစာ
ကိုယ်ချည်းသာ
ကိုယ်ခန္ဓာ
ကိုယ်စားလှယ်
ကိုယ်စိတ်နှစ်ဖြရံတော်ာ
ကိုယ်ထင်ပြ
ကိုယ်ကြပ်ဝတ်
ကိုယ်လုံးတည်း
ကိုယ်ဝန်
ကိုယ်အင်္ဂါ
ကိုယ်အမူအရာ
ကိုယ်တွေ့
ကိုယ်နှင့်နှိုင်း မရိုင်း
ကို ဆိုတာ သဒ္ဒါမှာ ကံဝိဘတ်ဖြစ်တယ်။ သူ့ကို၊ ငါ့ကို၊ သူတပါးကို။ ပင်ကိုလို့ရေးတာ အဓိပ္ပါယ်မရှိသလိုဖြစ်နေတယ်။
ကျွန်တော်မှားရင် ပြင်ပါမယ်။
ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၈

Comments
Post a Comment