ပန်းစိုက်သူတို့ ဝေဒနာ

တေးရေး - ရဲလွင်

ငါတို့စိုက်ပျိုးလို့ ဖူးပွင့်ခဲ့တဲ့ ပန်းကလေးတွေကို ငွေနဲ့မလဲလှယ်ချင်
မရောင်းလိုပေမယ့် ရောင်းလိုက်ရတဲ့အခါ
ရင်ထဲဘယ်လိုရှိမယ် ကိုယ်ချင်းစာကြည့်ကွယ်
ဈေးခင်းထားတဲ့ပန်းကလေးတွေကို မြင်တိုင်းမျက်ရည်လည်

ပန်းကလေးတပွင့်ရဲ့တန်ဖိုးဟာ ငွေနဲ့ဆုံးဖြတ်လို့ မရနိုင်ပါ
ပန်းစိုက်သူတို့ရဲ့ ရင်ထဲမှာ လူ့လောကကမ္ဘာကြီး လှပဖို့စေတနာ

ငါတို့ဘဝထဲကသွေး ချွေးတို့နဲ့ရင်းနှီးကာရယ် တကယ်ပဲနှမြောနေတယ်
မထိုက်တန်ပေမယ့် ပေးလိုက်ရတဲ့အခါ ရင်ထဲဘယ်လိုရှိမယ် ကိုယ်ချင်းစာကြည့်ကွယ်
ဈေးခင်းထားတဲ့ပန်းကလေးတွေကို မြင်တိုင်းမျက်ရည်လည်

ဆက်တွေးချက်
ပန်းကလေးတပွင့်သည် ပန်းကလေးတစ်ပွင့် မဟုတ်ပါ။

တကယ်ပဲ နှမြောနေတယ်။ ဈေးခင်းထားတဲ့ သတ်ပုံပြင်မြန်မာစာမြင်တိုင်း မျက်ရည်လည့့်

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး