Friends ဖရင်း အမျိုးမျိုး

ဖရင်းတွေထဲမှာ ကျွန်တော်တင်တာတွေကို မကြာခဏ လိုက်ခ်လုပ်ပေးကြသူတွေကို သတိထားမိပါတယ်။ သူတို့တင်တာတွေကိုဖတ်တော့ ထူးတာလေးတွေ တွေ့တယ်။

အတော်များများက တစ်သမားတွေ။ ကျွန်တော့်စာတွေ ဖတ်ကြပုံတော့မရ။ ကိစ္စမရှိပါ။ သူတို့က ပေါ်လစီခေတ်မှာကြီးကြတာ။

နောက်တမျိုးက ကဗျာသမား။ ပလီပြီးပြင်ခိုင်းထားတဲ့သတ်ပုံကို ကိုယ်က ရီသလိုမောသလို ရေးချင်လာပေမဲ့ သူတို့စီးနေတဲ့ လေဟုန်ကို မတန့်စေချင်လို့ သည်အတိုင်းပဲထားလိုက်ရတယ်။

ယောက်ျားလေးတွေကလည်း သူတို့ရွယ်တူတွေကို ပြောသလို မင်းရယ် ငါရယ်ရေးတော့ လွှတ်ထားရတယ်။

နောက်တမျိုးက အပျိုကြီးလို့ထင်မိသူတွေ။ စိတ်ကူးယဉ်ပြီး ရေးကြတယ်။ အဲတာကို လိုက်ခ် လုပ်လို့က မဖြစ်။ သူတို့က သက်ဆိုင်သူကိုသာ စကားပြောသလို၊ တိုင်တည်သလိုရေးကြတော့ သည်အတိုင်းပဲ ကြည့်နေရတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၇
၁၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး