ဇင်ယော်ငှက် စင်ရော်ငှက်
၁။ ဆရာခင်ဗျား မြန်မာစာသတ်ပုံတွေထဲက ဇင်ယော်ငှက်နဲ့ စင်ရော်ငှက်မှာ ဘယ်တခုက အမှန်ပါလဲဆရာ အချိန်ရရင်လည်း ရှင်းပြပေးပါ ဆရာခင်ဗျား
၂။ ဆရာ အခုအကယ်ဒမီရသွားတဲ့ ဦးစင်ယော်မောင်မောင်ဆိုတဲ့ နာမည်မှာ စင်ယော်က အမှန်လား၊ ဇင်ယော်က အမှန်ပါလား မသိလို့ပါ။
အနုပညာရှင်တွေအမည်မှာ မောင်၊ ကို၊ ဦး၊ ဒေါ် မထည့်သင့်ပါ။ အမည်တွေကိုတော့ သတ်ပုံစည်းကမ်း မလိုက်ကြတာမျိုး ရှိတယ်။ ဥပမာ ဒဂုံရွှေမျှား။ အူးမျင့်သိဏ်း။
ဇင်
ဇင်မင်းရွှေမင်း
ဇင်အရက်
ဇင်ယော်ငှက် (စင်ရော်ငှက်)
ဇင်ရွေးပင်
သဇင်ပန်း (သစင်ပန်း)
စင်
ကင်းစင်
ငါငို့စင်လျက်
စင်စင်ကြယ်ကြယ်
စင်စင်ဆေးကျောပါ
စင်စစ်ဧကန်
စင်စို = စင်စို့ = ရွက်စပ် အထပ်ထပ်စပ်သည်
စင်ပြိုင်
စင်ဖြူ
စင်ရော်ငှက် (ဇင်ယော်ငှက်)
စင်္ကြံလျှောက်
စာအုပ်စင်
ထမ်းစင်
ပစ္စင်ရင်တား
ကြပ်ခိုးစင်
ဗူးဖရုံစင်
မစင်ကျင်ကြီး
ယက်ကန်းစင်
ဖြူစင်သော
သန့်စင်ပန်း
သန့်စင်ရေ
အကုန်အစင်
အပျိုစင်
ရေစင်တော်
ရေအိုးစင်
စဉ်
ကွန်းစဉ်တိုင်
စဉ်ဆက်ရှေးတီး (ရှေးရိုးစဉ်လာထုံးစံအတိုင်း)
စဉ်တိုက် ဆက်တိုက်
စဉ်နက္ခတ်
စဉ်ပါး (လွင့်စင်)
စီစဉ်သည်
ဇဉ်ဖျင် (ဇင်ဖျင်)
တံစဉ် (တစဉ်)
ထွန်းပစဉ်အခါ
ပုထုဇဉ်
ပယောဇဉ်
ပျက်အစဉ် ပြင်ခဏ
ဖိတ်စဉ်သည်
မင်းစဉ်မင်းဆက်
လွင့်စဉ်
လာစဉ်
သံစဉ် (သံစဉ်သင်္ကေတ)
သံယောဇဉ်
သမ္မဇဉ်
သွားစဉ် လာစဉ်
အစဉ်မပြတ်
အစဉ်မသင့် (အစီအစဉ် မသင့်၊ အဆင်မသင့် မဟုတ်)
အစဉ်အလာ
အစီအစဉ်
ဥယျောဇဉ်
ဂေါရာဇဉ်
နေ့စဉ်မှတ်တမ်း
ဘောဇဉ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment