Medicines for High Blood Pressure သွေးတိုးဆေးများ

ဆရာရှင့် လူနာတယောက်တည်းကိုပဲ antihypertensive ဆေး ၃ မျိုးပေးထားတာတွေ့ရပါတယ်။
- Nifedipine 30mg 1 tab two times a day
- Amlodipine 10mg 1/2 tab every morning
- Losartan 50mg 1tab every morning
ဆေးတခုစီရဲ့ကွဲပြားမှုကိုသိချင်ပါတယ်။ ဆေးရဲ့actionကတူပါလျှက်ဘာကြောင့် ၃မျိုးပေးရတာဆိုတဲ့အကြောင်းရင်းကိုလဲ သိချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ internal organs တွေမှာလဲဆေးတခုစီမှာ action ရှိတယ်လို့ ပြောပါတယ်။ ကျောက်ကပ် နဲ့ နှလုံးရယ်စသည်ဖြင့်ဆိုပြီး ဆရာဝန်ကသေချာမရှင်းပြခဲ့ပါဘူး။ သမီးက ပြည့်ပြည့်စုံစုံလေးသိချင်ပါတယ်။ လူနာက အမျိုးသမီး၊ အသက် ၇၈။

၁။ Nifedipine ဆေးက calcium channel blockers အမျိုးအစား သွေးကျဆေးဖြစ်တယ်။ နှလုံးနဲ့ သွေးကြေ တွေကိ ကျယ်လာစေတယ်။
ဘေးထွက်တိုးကျိုးတွေ = ခေါင်းမူး၊ မျက်နှာနီမြန်း၊ အားနည်း၊ ရင်ပူ၊ ပျို့၊ လက်တုံ၊ ကြွက်တက်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာခေါင်းပိတ်။

၂။ Amlodipine ဆေးက calcium channel blockers အမျိုးအစား သွေးကျဆေးဖြစ်တယ်။ သွေးကြောတွေကျယ်စေပြီး သွေးပိုစီးလျှောက်စေတယ်။ သွေးတိုး + ရင်ပတ်နာနှလုံးရောဂါအတွက်ပေးတယ်။
ဘေးထွက်တိုးကျိုးတွေ = ခြေထောက်ယောင်၊ ခေါင်းမူး၊ နှလုံးခန်မမှန်၊ နွေးနေသလိုခံစား၊ မျက်နှာနီ၊ အသက်ရှူမဝ၊ ရင်ကြပ်၊ သွားဖုံးသွေးယို၊ ဆီး-ဝမ်းထဲသွေးပါ၊ မျက်စိကြည့်မကောင်း၊ ချမ်း၊ ချွေးစီးထွက်၊ စိတ်မကြည်လင်၊ ချောင်းဆိုး၊

၃။ Losartan (Cozaar) ဆေးဟာ angiotensin II receptor antagonists အမျိုးအစား သွေးကျဆေးဖြစ်တယ်။ သွေးကြောကျဉ်းမှာကို တားပေးတယ်။ သွေးတိုး + ဆထုပ်ကိုကွာဘို့သုံးတယ်။
ဘေးထွက်တိုးကျိုးတွေ = စိုးရိမ်စိတ်၊ ဆီးအိမ်နာ၊ ဆီးထဲသွေးပါ၊ မျက်စိကြည့်မကောင်း၊ သတိလစ်၊ စိတ်ရှုတ်ထွေး၊ အရေပြားအေး၊ စိတ်ကျ၊ အသက်ရှူခက်၊ ခေါင်းမူး၊ ခေါင်ူကိုက်၊ ဆာလောင်၊ အိပ်မက်ဆိုး၊ ပျို့-အန်၊

သွေးကျဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးမသောက်ပဲမနေသင့်။ သွေးကျဆေး ကို ၂-၃ မျိုးတွဲပေးနိုင်တယ်။ လိုအပ်ရင် ဆေးပြောင်းပေးတယ်။ အတိုး-အလျှော့လုပ်ပေးတယ်။

Amlong ဆေးဟာ calcium channel blockers အုပ်စုဝင် သွေးတိုးဆေးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်ချင်၊ စိတ်ကျ၊ ပျို့၊ ဗိုက်အောင့်၊ အစားပျက်၊ ဝမ်းမမှန်၊ ဆီးများ၊ အိပ်မရ၊ ကြွက်ား-အဆစ်နာ၊ ကိုယ်အလေးချိန်ပြောင်း၊ ခွေျးထွက်များ၊ ရေငတ်စတာတွေဖြစ်တယ်။ တချို့မှာ ခြေ-လက်ရောင်၊ ရင်ပတ်နာ၊ နှလုံးခုန်မမှန်၊ အားနည်း၊ ထုံ-နာတာတွေဖြစ်တယ်။ နှလုံးအလုပ်မလုပ်နိုင်သူတွေနဲ့ ကျောက်ကပ်မကောင်းသူတွေကို သတိထားရတယ်။ ကိုယ်ဝန်ရှိသူတွေကိုမပေးသင့်ပါ။ beta-blockers (Blocadren, Corgard, Inderal, Toprol and Zebeta) ဆေးအမျိုးအစားနဲ့ တွဲပေးလေ့ရှိတယ်။

Hypertension (1) သွေးတိုးရောဂါ (၁) http://doctortintswe.blogspot.com/2014/11/hypertension-1.html
Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး