To my Burmese teachers ကျွန်ုပ်၏ မြန်မာစာဆရာများသို့

(ဆရာများနေ့မှာ သတိတရ ကျေးဇူးတင်လျှက် ဒီစာလေးရေးပါတယ်။)

• ငါတတ်တဲ့ ဆေးပညာ၊ သလေးစပါးလောက်သာရှိပါလား။
• ငါသင်ထားတဲ့ အသိပညာ၊ နှမ်းစိပမာသာရှိပါလား။
• ငါလုပ်နိုင်တဲ့ နိုင်ငံရေး၊ ရွေးစေ့ထက်တောင် သေးပါတကား။

• ဆန်စေ့ကို ထမင်းချက်၊ ဆီထွက်အောင် နှမ်းကိုကြိတ်၊ ငါ့ဝိတ်ကို ရွေးစေ့နဲ့ချိန်ကြည့်၊ အတိအကျရတဲ့အဖြေဟာငါ၊
• ဘာဖြစ်နေနေ ငါတွေးနေတာ ငါရေးတာ ဆန်ကုန်မြေလေး မဖြစ်ရေးပါ။

• ငါ့သတ်ပုံတွေမှာ နေရာတကာ စသတ်မပါ၊
• ငယ်တုံးကရေးရတဲ့ တယောက်အားနဲ့ယူသော်မရ စာစီစာကုံးခေါင်းစဉ်မှာ စသတ်မပါ၊
• နားထောင်ဖူးတဲ့ တယောက်တလက်တအားသီချင်းစာသားမှာ စသတ်မပါ၊
• သူများတွေဆီမှာ လွယ်တာတိုတာပြောင်းလာ၊ ကျွန်တော်တို့မြန်မာစာနဲ့အရာရာ အပိုအဆာတွေတိုးတိုးလာ၊
• ဆရာ ကျွန်တော်တယောက်အားနဲ့သာ ယူနေမိတယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၅
၁၅-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ