Zika virus triggers pregnancy delay calls

(ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်တွေကိုသတိပေး

မနေ့ကထွက်တဲ့ တောင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသအတွက် ကျန်းမာရေး အရေးပေါ်သတိပေးချက်ဖြစ်ပါတယ်။

(ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်မှာ ဆိုးတဲ့မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်လို့ပါ။ (ဇီကာ) ဗိုင်းရပ်စ်က ခြင်းကနေကူးစက်တယ်။

မွေးလာတဲ့ကလေးတွေမှာ Microcephaly ခေါ် ဦးနှောက်သေးနေမယ်။ ဘရာဇီးနိုင်ငံမှာ အောက်တိုဘာကနေစတွက်တာ အဲလိုကလေးပေါင်း ၄ဝဝဝ ရှိနေပြီ။

ကူးစက်ခံရရင် တုပ်ကွေးလိုခံစားရမယ်။ လူကနေလူကိုတော့ မကူးစက်ပါ။ ကိုလမ်ဘီယာအစိုးရကတော့ နောက် (၈) လအတွင်း ကိုယ်ဝန်မဆောင်ကြဘို့ သတိပေးထားပါတယ်။ အီကွေဒေါ၊ ဂျမေကာနဲ့ အယ်လ်ဆာဗာဒိုမှာလည်း အတူတူပဲ။

အဲတာကို အမျိုးသမီးအခွင့်အရေးအဖွဲ့တွေက ကိုယ့်ကိုယ်ဝန်ကိုယ်ဆောင်တာ ဘာဖြစ်လည်းလို့ ဝေဖန်ကြတယ်။
ကိုလမ်ဘီယာမှာ ကိုယ်ဝန် ၅ဝ% က မထင်မှတ်ပဲရနေကြတယ်။ လိင်စော်ကားမှုကလည်းထူပြောတယ်။ အဲဒီမှာ လူနာပေါင်း ၁၃၅ဝဝ ယောက်မှာပိုးစစ်လို့ရထားတယ်။  အဲလိုကလေး ၄၉ ယောက်သေဆုံးပြီးပြီ။ သူတို့ထဲက ၅ ယောက်မှာ ပိုးတွေ့တယ်။

(ဇီကာ) ဗိုင်းရပ်စ်ကို ၁၉၄ဝ ကျော်ကတည်းသိခဲ့တာပါ။ သွေးလွန်တုပ်ကွေးနဲ့ အဝါရောင်အဖျားရောဂါလိုပဲ Aedes aegypti ခြင်းကနေကူးစက်တယ်။ ရေသေမနေအောင်၊ ရေဟောင်းကျန်မနေအောင်လုပ်ရတယ်။ ခြင်ဆေးဖြန်းရတယ်။ ခြင်ကိုက်မခံရအောင်လုပ်ရတယ်။

အမေရိကန်အစိုးရကလည်း အဲဒီဒေသက နိုင်ငံပေါင်း (၂ဝ) ကျော်ဆီကို ကိုယ်ဝန်ရှိသူတွေခရီးမသွားကြဘို့ သတိပေးလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၆
http://www.bbc.com/news/world-latin-america-35388842

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး