Ecee2 အရေးပေါ်တားဆေး



Ecee2 ဆေးဆိုတာ Levonorgestrel ပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်တယ်။ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမယ်နဲ့ ရောင်းတယ်။ အမေရိကားမှာ Morning-after pill အပြင် Plan B, Plan B One-Step, Lo / Ovral, Cryselle, Orsythia, ella, Ogestrel, Low-Ogestrel-28, Myzilra,Falmina, Chateal, Kurvelo, CamreseLo, Low-Ogestrel-21, Lo / Ovral-28, Next Choice, Elinest, Amethia Lo, Ogestrel-28, Preven EC နာမည်တွေလဲ အများကြီးရှိတယ်။

Postcoital Contraception ဆိုတာ အရေးပေါ်ကိုယ်ဝန်တားဆေးကို ခေါ်တာဘဲဖြစ်တယ်။ International Consortium for Emergency Contraception ဝက်ဆိုက်မှာ ရေးထားတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေး အချက်အလက်များ (မြန်မာနိုင်ငံ) ထဲမှာ ဒီလိုဖတ်ရတယ်။

· Registered LNG-EC products မှတ်ပုံတင်ထားသောဆေး အမျိုးအမည်များ = ECee2, Duet, Pill 72, Postinor, Postinor-2, Pregnon ဆေးလက်မှတ်ဖြင့်သာ ရောင်းသည်။

· အမျိုးသမီးများသုံးစွဲမှု ကိန်းဂဏန်းမရပါ။

· အမျိုးသမီးများ ဆေးအကြောင်းသိရှိမှု ကိန်းဂဏန်းမရပါ။

· Registered UPA-EC products မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊

· Registered Mifepristone-EC Products: မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊

· ECPs ဆေးဝယ်ယူနိုသင်သူ၏ အသက် ကန့်သတ်ချက် ကိန်းဂဏန်းမရရှိနိုင်၊

· ဥပဒေစည်းကမ်းဖြင့် Essential Medicines List မရှိမဖြစ်သုံးစွဲရန် လိုအပ်သော ဆေးစာရင်းထဲတွင် ပါဝင်သည်။

ဆေးသောက်နည်း

· အတူနေပြီးနောက် ၇၂ နာရီအတွင်းမှာ ပဌမဆေး ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီခြာရင် ဒုတိယဆေး ၁ လုံး သောက်ပါ။

· WHO ကတော့ ၁၂ဝ နာရီအတွင်းလဲသောက်နိုင်တယ်လို့ဆိုတယ်။ ၁ဝဝ% တော့ မကာကွယ်ပါ။

· ဆေးပြား ၂ ပြားလုံးကို တခါတည်းသောက်တာအတွက် လေ့လာမှုလုပ်တော့ ထိရောက်မှု မခြားနားတာ တွေ့ရတယ်။ ဘေးထွက်-ဆိုးကျိုးလဲ သိပ်တော့ မထူးလှပါ။

· ၂ နာရီအတွင်း အန်တာဆိုရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေး တခုခုကို အရေးပေါ်တားဆေး မသောက်မီ ၁ နာရီ ကြိုတင်သောက်သင့်တယ်။

ဘေးထွက်-ဆိုးကျိုးတွေ

· သတိထားရမဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်း မပါဘူး။ ပျို့ချင် (၅ဝ%)၊ အန်ချင် (၂ဝ%)၊ ဗိုက်နာ၊ ရင်သားနာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အားယုတ်။ ဒါပေမဲ့ ကြာကြာမဖြစ်ပါ။ များသောအားဖြင့် ၂၄ နာရီအတွင်း ဖြစ်တယ်။ ဆေးသောက်ပြီး ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။

သတိထားစရာတွေ

· လုံးဝဥသုံ စိတ်ချပါလို့တော့ အာမမခံပါ။ ၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာက များတယ်။

· မတော်တဆ ကိုယ်ဝန်ရသွားရင် သားအိမ်ပြင်ပ သန္ဓေတည်နေ-မနေ စစ်ရမယ်။ တကယ်ကိုယ်ဝန်ယူရင် ကလေးကို ဘာမှ မထိခိုက်စေပါ။

· ကိုယ်ဝန်ရှိနေသူက အရေးပေါ် တားဆေးသောက်မိသွားရင် ကိုယ်ဝန်ကို ထိခိုက်မှု ရှိတယ်ဆိုတယ်လို့ အခိုင်အမာ မပြောနိုင်ပါ။ ကလေးမှာ ချို့ယွင်းချက်နဲ့ မွေးမယ်လို့လဲ ကောက်ချက် မချနိုင်ပါ။

· အရေးပေါ်တားဆေးကို အရေးပေါ်ကလွဲရင် မသုံးသင့်ပါ။ ခဏခဏသုံးလို့ ဘာဖြစ်နိုင်သလဲဆိုတဲ့ လေ့လာဆန်းစစ်မှု မပြည့်စုံသေးပါ။

· တလထဲမှာ တခါမကသုံးချင်သူဟာ IUD သားအိမ်ထဲပစ္စည်းထည့်နည်း သုံးသင့်ပါတယ်။

· ခဏခဏသုံးမိပေမဲ့ ကိုယ်ဝန်ကို ကာကွယ်မှု ပေးပါတယ်။ နောင် ကလေးမရတာလဲ မဖြစ်ပါ။ ရာနှုန်းအပြည့်တော့ မဟုတ်တာကို သတိပြုပါ။

· အကာကွယ်မဲ့ လိင်ဆက်ဆံမှုတွေကနေ လိင်ကတဆင့်ကူးစက်ရောဂါတွေရဘို့နဲ့ ကံရာမသင့်ရင် မလိုချင်တဲ့ ကိုယ်ဝန် ရနိုင်ခြေရှိတာလဲ သိထားပါ။

· ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။

ဆေးကို သတိနဲ့ သုံးရမဲ့သူတွေကတော့ နှလုံးရောဂါရှိသူ၊ နှလုံး (စထုပ်) ရဘူးသူ၊ ရင်သား-ကင်ဆာ အရင်က ရှိခဲ့ဘူးသူ၊ ခဏခဏ ဒီဆေးမျိုး သုံးနေသူ၊ ရာသီဆင်းရက် နောက်ကျနေသူ၊ ကလေးနို့တိုက်နေသူ သတိနဲ့သာသုံးသင့်ကြတယ်။

လုံးဝ မသုံးရမဲ့သူတွေကတော့ အသက် ၁၆ နှစ်အောက်မိန်းကလေးတွေ ဘာဖြစ်မလဲဆိုတာ သုတေသန မပြည့်စုံသေးလို့ မသုံးတာ ကောင်းတယ်။ ရာသီမှန်း၊ ဘာမှန်းမသိ မွေးလမ်းက သွေးဆင်းနေသူ၊ အခု ရင်သား-ကင်ဆာ ဖြစ်နေသူ၊ ကိုယ်ဝန်ဆောင်နေသူ မသုံးရပါ။

မြန်မာပြည်မှာလို သူများတွေဆီမှာ အရေးပေါ်တားဆေးကို အရေးမပေါ်ဘဲသုံးတာ မများပါ။ ဒါကြောင့် ဘာတွေ ဖြစ်မလဲဆိုတဲ့ သုတေသနသိပ်မများပါ။ မြန်မာပြည်မှာလုပ်ရင်ကောင်းမယ်။ သေချာတာက ရာသီရက်-လတွေ ပြောင်းမယ်။ ဟော်မုန်းတွေ ပြောင်းမယ်။ နောင်မှာ ကိုယ်ဝန်အတွက် ဘာဖြစ်မလဲ မပြောနိုင်ပါ။ အလွယ်ရတာဘဲဆိုတဲ့ အသိစတ်ကနေ ကိုယ့်ကိုယ်ကို အပေါ့စားဖြစ်စေမယ်။ အတည်တကျယူမဲ့အိမ်ထောင်ရေးမှာ ထိခိုက်ကောင်းထိခိုက်မယ်။ အဲလိုဖြစ်လို့ မေးတာတွေ မနည်းပါ။

ဒေါက်တာတင့်ဆွေ

Comments

  1. အန် ရင် တစ် လုံး ထဲ ပြန် သောက် ရ မှာ လား တစ် ကဒ် ( နှစ် လုံး ) ထပ် သောက် ရ မှာ လား သိ ချင် ပါ တယ်

    ReplyDelete
  2. ဆေးသောက်ပြီး ၂ နာရီအတွင်မှာ အန်ရင် အန်တာအတွက်ထပ်သောက်ရမယ်။ ပဌမအလုံးဆိုရင် အဲတာပဲသောက်ပါ။ ဒုတိယလဲ အဲတာပဲ။ တစုံလုံးသောက်ဘို့မလိုပါ။ နောက်ဆေးသောက်ဘို့ ၁၂ နာရီမကခြာသွားရင်တော့ တစုံပြန်သောက်ပါ။

    ReplyDelete
  3. ဆရာ ဒီဆေးသောက်ပြီးရင် ဝလာတာမျိုး မဟုတ်ရင် ပိန်သွားတာမျိုးဖြစ်တတ်ပါသလား ခင်ဗျ

    ReplyDelete
  4. ရာသီလာပီး ပထမရက်မှာ ဆက်ဆံပီး ecee2 တိုက်ပီး ဒုတိယရက်မှာဟထပ်ဆက်ဆံတာကို ဆေးထပ်မတိုက်လိုက်ပါဘူး အဲ့ဒါကိုယ်န်ရနိုင်လားဆိုတာလေးရှင်းပြပေးပါလား ဆရာ

    ReplyDelete
  5. ဆေးတလုံးပဲသောက်ရင်ဘာဖြစ်နိုင်လဲဆရာ
    ရာသီလာပီးတပတ်အတွင်းဆက်ဆံမိပါတယ်
    ခုရာသီပြန်လာနေပါတယ်ဆရာကိုယ်ဝန်ရှိနိုင်လားရှင့်

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ဆေးသောက်ပီး ၂ နာရီ အတွင်းအန်တယ်ခင်ဗျ အဖတ်တေ မဟုတ်ဘဲ အရည်ပဲ အန်တယိ ခင်ဗျ ဆေးထပ်သောက်ဖိုလို့လား သိချင်ပါတယ်

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ကိုယ်​ဝန်​စရှိရင်​ ဘယ်​လိုလက္ခဏ​တွေပြပါသလဲ ဆရာ|

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး