PCOS and Ovarian cyst

May 8th, 8:52am
ဒေါက်တာရှင့် သမီးနာမည့့် ပါ။ သမီး သားအိမ်ကအလုံးက right side မှာ 3.7 x 2.7 cm ရှိပြီး left side မှာ 4.4 x 2.8 cm ရှိလို့ ရာသီသွေး မပေါ်တာ ၄ လ ပြည့်တော့မှာပါ။ ဒေါက်တာ ဒေါ့့် က ဒေါက်တာရဲ့ PCOS (Diet Secrets Guide) post ကို အရင်ရှာဖတ်ကြည့်ပါပြောလို့ပါ။ သမီးရှာရခက်နေလို့ သမီးကို post share ပေးပါလို့  အကူအညီ တောင်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အသက် မသိရပါ။ အိမ်ထောင်ရေး (ဆောရီး) မသိရပါ။ သားအိမ်ဟုတ်လောက်ပါ။ မျိုးဥအိမ်ဖြစ်ပါမယ်။ ဆေးစာလုံးပေါင်း သိရင်ပြောပါ။ Polycystic Ovarian Syndrome (PCOS) ရာသီမမှန်ရင် ဖတ်ပါကိုပို့လိုက်ပါတယ်။ 

ကျေးဇူးအထူးတင်ပါတယ် ဒေါက်တာရှင့်။ သမီးအသက်က ၂၉ ပါ။ အပျိုပါ။ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ဒီလိုဖြစ်ဘူးပါတယ်။ အိမ်ထောင်သည်သောက်တဲ့ဆေးမျိး ၃ လလောက်သောက်ပြီး အလုံးလေးတွေပျောက်သွားပါတယ်။ ခုက ဒုတိယအကြိမ် ထပ်ဖြစ်လို့ ကြောက်လာတာပါဆရာ။ အရင်ပြတဲ့ ဒေါက်တာက OG မဟုတ်လို့ ခုသမီး ဆရာဝန်ပြောင်းပြတာပါ။ သမီးကလည်း အပေါ်ကအမတွေလိုပဲ အပျိုစဖြစ်ကတည်းက ရာသီသွေး ၁ လ ကျော် ၂ လကျော် ဖြစ်တတ်တာ ခုချိန်ထိပါပဲ။ သမီးဒေါက်တာ့ရဲ့ လမ်းညွန်ချက်အတိုင်း ဒေါက်တာ ဒေါ့် တိုင်ပင်ပြီး ကုသပါမယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင်။ ဆရာကြီး ဘယ်ဆေးခန်းတွေမှာထိုင်လဲဆိုတာလည်း သိချင်ပါတယ်ရှင့်။

အရင်ဖြေတာထဲမှာ ဆရာပြောထားတဲ့ မျိုးဥအိမ် ဟုတ်-မဟုတ် ပြန်မဖြေသေးပါ။ မျိုးဥအိမ်သာမှန်ရင် Ovarian cyst ဆိုတဲ့ မျိုးဥအိမ်အကျိတ် (အလုံး၊ အရည်အိတ်) နှစ်ဖက်လုံးမှာ ဖြစ်တေယ်။ ဒါပေမယ့် PCOS မဟုတ်လောက်ပါ။ နောက်ထပ် ဒါပေမယ့်က ဟော်မုန်းမမှန်တော့ ဖြစ်နေတယ်။ PCOS လောက်ဆိုးမယ်မထင်ပါ။

မျိုးဥအိမ်အကျိတ်ဆိုတာ ငယ်သေး စောသေးရင် ဆေးနဲ့ပျောက်နိုင်တယ်။ ကြီးလာလည်း ဘယ်လောက်ကြီးကြီး (အပျိုဖြစ်သူကို ပြောရတာတော့ အားနာပါတယ်) ကိုယ်ဝန်ရင့်မာလောက်ကြီးလည်း ခွဲထုတ်ရင်ပျောက်တယ်။ PCOS ထဲမှာပါတဲ့ သူများတွေနဲ့မတူတာတွေ ကိုယ့်မှာ ဘာတွေဖြစ်နေသလည်းစစ်ဆေးပါ။ လိုရင်ပြန်မေးပါ။

ဆရာက မြန်မာပြည်မှာမနေရတာ အတော်ကြာပါပြီ။

1. Polycystic Ovarian Syndrome (PCOS) ရာသီမမှန်ရင် ဖတ်ပါ http://doctortintswe.blogspot.com/2014/10/polycystic-ovarian-syndrome-pcos.html
2. Ovarian Cyst မျိုးဥအိမ်အကျိတ် http://doctortintswe.blogspot.com/2015/04/ovarian-cyst.html
3. Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး http://doctortintswe.blogspot.com/2015/02/ovarian-cyst.html
4. Chocolate cyst ချောကလက် ဆစ် http://doctortintswe.blogspot.com/2014/11/chocolate-cyst.html

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး