Indiana Eye Clinic အင်ဒီယာနာ အိုင်းကလင်းနစ်

ကနေ့ မျက်စိဆေးခန်းကို ရက်ချိန်းရှိလို့သွားပြရတယ်။ စမ်းသပ်မှုတွေလုပ်ပြီးတော့ ညာဘက်မျက်စိကို လေဆာခွဲစိတ်နည်းနဲ့ ကုသပေးလိုက်ပါတယ်။

အရင်တခေါက်ကတည်းက အဲလိုလုပ်ချင်လုပ်ရမယ်လို့တော့ မျက်စိအထူးကုဆရာဝန်တဦးကပြောထားပြီးသား။ လွန်ခဲ့တဲ့ ၃ နှစ်က ဘယ်ရော ညာပါ အတွင်းတိမ်ကိုခွဲပေးခဲ့တဲ့ ဆရာဝန်ကနေ ကနေ့ပဲ လေဆာနဲ့ကုသတာပါ။ ၁ဝ မိနစ်မကြာပါ။

အိမ်ပြန်ရောက်ပြီး၊ လာခေါ်နေကျ မိတ်ဆွေတယောက်နဲ့ လက်ဖက်ရည်ဆိုင်ရောက်ခဲ့တယ်။ ခွဲပြီးတနာရီလောက်နေရင် မျက်စိပိုကောင်းမယ်တဲ့။ သူငယ်အိမ်တော့ မျက်စဉ်းကြောင့် ကျယ်နေသေးတယ်။ ကနေ့ နားနားနေနေသာ စာရေးစာဖတ် လုပ်နိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး