မတောက်တခေါက်

ပုလဲမှာ ဆရာဝန်လုပ်စဉ်က ကထိန်ပွဲတခုမှာ ကျွန်တော်က မယ်ဒလင်တီး၊ ဇနီးက မြမန်းဂီရိ ဆို၊ သမီးက ကတယ်။ ကျွန်တော့်အမျိုးက အနုပညာဇမပါ။ ဆိုတတ် တီးတတ် ကတတ်သူရှားတယ်။ တဝမ်းကွဲတွေကတော့ သူတို့အိမ်သွားတိုင်း စန္ဒယားနဲ့ ပတ္တလားနဲ့။ ကတဲ့သူက က၊ ဆိုတဲ့သူက ဆို။ ကျွန်တော်အလည်ပြန်တော့ မုံရွာမှာ ဆိုကြမယ် ကကြမယ်ပွဲတခု။ ပခုက္ကူမှာ ဆိုကြမယ် တီးကြမယ်ပွဲတခု။ သတိရနေတယ်။ ကျေးဇူး။

ကျွန်တော်က အနုပညာမှာ မတောက်တခေါက်။ မြမန်းဂီရိတပုဒ်လောက်ကို ခဏခဏထုတ်ပြောရတယ်။ မင်းသမီး ဝါဝါဝင်းရွှေပုံတူပန်းချီလေးလည်း ခဏခဏထုတ်ရှိုးရတယ်။ အဲတာအပြင်လည်း မတတ်။

သီချင်းများရေးဖွဲ့ရာမှ တစတစနှင့် ဂီတလောက၌ ကဏ္ဍသစ်တရပ်ဖြစ်သော အော်ပရာခေါ် ဂီတဇာတ်ကို ၁၇ ရာစုနှစ်တွင် ဣတလီနိုင်ငံကပင်စ၍ ထွင်လိုက်ပြန်သည်လို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၁၉) မှာရေးထားတယ်။

တစ်စတစ်စနှင့် မဟုတ်။ ကဏ္ဍသစ်တစ်ရပ် မဟုတ်။ ကြာရင် ဂီတကနေ ဂီတစ် ဖြစ်လာလေမလားမသိ။

မြမန်းဂီရိ တီး - စောင်းဦးမြင့်မောင်၊ ဆို - ရီရီသန် https://www.youtube.com/watch?v=TXlQ25QAn2k
မြမန်းဂီရိ ယိုးဒယား Mya Man Giri (Thailand tune) https://www.youtube.com/watch?v=HPwszPRGzj8

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး