ဒီအရပ်မှာက ကနေ့မှ မွေးနေ့ကျတယ်

သားတယောက်က စားစရာတွေ သူ့အိမ်မှာတင် ကြော်လှော်လာပို့တာ အခုစာရေးနေရင်း စားတယ်။

ဟိုတနေ့က တ ထားတာ ကနေ့ရတယ်။ နိုက်ကီဦးထုပ်။ ကျွန်တော်က ရုပ်ပြစားတဲ့သူမဟုတ်ပေမဲ့ အဝတ်အစား အသုံးအဆောင် အင်မတန်ဇီဇာကြောင်သူ။ မြေးမက ဝယ်လာပေးချင်တာ ဟောင်းသွားတဲ့ ကက်ပ်ဦးထုပ်အတိုင်း ပုံစံတူ မှာလိုက်တယ်။ တခြားမြေးငယ်တွေက ဖုန်းဆက် ဟက်ပီးဘာ့သ်ဒေး လုပ်ကြတယ်။

သားတယောက်ကတော့ မယ်ဒလင်လိုချင်သလား၊ ပန်းချီဆွဲစရာတွေလားတဲ့။ အနုပညာထဲက အညံ့ဆုံးဂီတကို ဖယ်လိုက်တယ်။ တရက်ရက်မှာ ခဲတံ၊ စုပ်တံ၊ စက္ကူနဲ့ ဆေးတွေထွက်ဝယ်မယ်။ အွန်လိုင်းကနေ အရင်ရှာရမှာ။ ပုံဆွဲဖို့ အချိန်လည်း ရှာရမှာ။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး