တာတေစနေသား သတ်ပုံ

ဦးနုရေးတဲ့ အမှာလေးချိုး

ပျက်အစဉ် ပြင်ခဏပေမို့
နှစ်ဖက်ပြင် ဆင်ခြင်ကြစေလို့
အထင်ကရ ပြလိုက်မယ်။

လူတွေ မုန်းပါလို့
နှလုံးနာလာစေတဲ့
မောင်တာတေ နုစဉ် အမှားကိုလ
ရှောင်ကာသွေ ပြုပြင်သွားလေတော့
အများ ကြည်ညိုခံမဲ့
မှီခိုရန် လူတယောက်
ဖြစ်မြောက်နိုင်တယ်။

အပယ်ခံဘဝမျိုးမှာလ
အရွယ်မာန် နှစ်ဆတိုးကာပ
သင့်အဖို့ ရည်ရွယ်တဲ့ပြင်ဆင်နည်း။

အကောင်းကိုရှာ
အဆိုး သွေခွာလို့
တွေးယူကာ ပြုလိုကြရင်ဖြင့်
ရေးသူမှာ ကုသိုလ်ရပါလိမ့်
လူ့ဘဝခရီး။

တာတေစနေသားစာအုပ်ကို ဝန်ကြီးချုပ် ဦးနုကရေးတယ်။ သူ့လက်ရေးစာမူကို ဦးမောသီရီကရရှိပြီး ဦးနုမိသားစုဆီက ထုတ်ဝေခွင့်တောင်းပြီး ၁၉၉၈ ခု စက်တင်္ဘာလမှ ပဌအဆုံးအကြိမ် ထုတ်ဝေပါတယ်။

ကွန်ပြူတာစာစီသူတွေကတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲက ကျောင်းသားတွေဖြစ်ကြတဲ့ ညီညီလွင်၊ ငွေတိုး၊ နန္ဒတင့်ဆွေ၊ ထင်ကျော်နဲ့ သက်နောင်တို့ ဖြစ်ပါတယ်။ အဖုံးပြင်ဆင်သူ ဇော်ဝင်းထွဋ်နဲ့ ပန်းချီ စစ်ငြိမ်းအေး။

အခုနောက်ပိုင်း ပြည်တွင်းမှာပြန်ထုတ်တဲ့အခါ မြန်မာစာသတ်ပုံကို ပေါ်လစီသတ်ပုံနဲ့ပြင်ရိုက်ထားတာတွေ့ရတယ်။ မူရင်းသတ်ပုံကို တင်ပြပါတယ်။ မှီခိုရန် လူတစ်ယောက် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး