Fonts ဖေါင့်ဒုက္ခ

ယူနီကုဒ်သုံးပါလားလို့ပြောလာသူ လူ ၂ဝ လောက်ရှိပြီ။ ကျွန်တော်က မတတ်ပါ။ အခုသုံးနေတာ ဇော်ဂျီ။ အဲတာကို ဖတ်မရလို့ ရေးလာသူကလည်း ၂ဝ လောက်ရှိတယ်။

ကွန်ပြူတာမှာ မြန်မာစာဖေါင့်ပေါ်ကာစမှာ အင်ဂျင်းဖေါင့်။ နောက် ဝင်းဘားမီးစ်ဖေါင့်။ ဇော်ဂျီပေါ်လာတော့ အတော် အဆင်ပြေတယ်။

နှစ်မကြာသေးခင်က အော်တိုဘာသာပြန်ဘာသာစကားထဲမှာ မြန်မာစာပါလာတယ်။ ကျွန်တော် အလုပ်လုပ်နေတဲ့ ကျောင်းမှာ ခပ်တိုတိုနဲ့ အရေးမကြီးမျိုးဆိုရင် ကျွန်တော့ကို ဘာသာပြန်မခိုင်းပဲ ကွန်ပြူတာ အော်တိုဘာသာပြန်သုံးတယ်။ ကျွန်တော်နားမလည်။ ကျောင်းသူကျောင်းသာတွေလည်း နားမလည်ကြပါ။

ကျောင်းကပေးထားတဲ့ ခရုမ်းလက်ပတော့မှာ ဇော်ဂျီသုံးမရ။ ကျောင်းချိန်မှာ အချိန်ရလို့ မေးခွန်းတွေ ဖတ်ချင် ဖြေချင်ရင် မြန်မာဖေါင့်ကို ကွန်ဗာတာကနေပြောင်းယူရတယ်။ မြန်မာစာ ကျွန်တော့်ကိုတော့ အတော်ဒုက္ခပေးတယ်။ သတ်ပုံမမှားတဲ့ မေးခွန်း ၁ဝ% လောက်သာရှိတယ်။ မြန်မာစာ ကျွန်တော့်ကိုတော့ အတော်ဒုက္ခပေးတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး