Skineal Cream လိမ်းဆေး

မင်္ဂလာပါဆရာ အသက်၂၉နှစ်ပါ မျက်နှာကို စကင်နယ်လ်သုံးမိလို့ အခုဖျက်လိုက်တိုင်း မျက်နှာတစ်ခုလုံးယားပြီး ဖုတေပေါက်လာတယ် အလုပ်သွားနေရတာဆိုတော့ အရမ်းဒုက္ခရောက်ပါတယ်ဆရာ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါ
လေးစားစွာဖြင့်

ကျား-မ မသိ။

မင်္ဂလာပါဆရာ အသက်၂၉နှစ်ပါ အမျိုးသမီးပါ မျက်နှာကို စကင်နယ်လ်သုံးမိလို့ အခုဖျက်လိုက်တိုင်း မျက်နှာတစ်ခုလုံးယားပြီး ဖုတေပေါက်လာတယ် အလုပ်သွားနေရတာဆိုတော့ အရမ်းဒုက္ခရောက်ပါတယ်ဆရာ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါ လေးစားစွာဖြင့်

အမျိုးသမီးနဲ့ အသက်တော့ ထပ်မေးလို့သိလာတယ်။ အရွယ်ရောက်အမျိုးသမီးဆိုရင် မေးနည်းစည်းကမ်းမှာ ပြောစရာတွေပါတယ်။ အဲဒီဆေးကို ဘာ့ကြောင့်သုံးရသလဲ မသိ။ ဈေးဆစ်သလို ဖြေနေရတာ အချိန်ကုန်စေတယ်။ မပြောလိုသူတွေအတွက် ဘလော့ ပေးထားတယ်။

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား https://doctortintswe.blogspot.com/2017/02/beauty-product-dangers.html

Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html

Skineal Cream 15g လိမ်းဆေးထဲမှာ Ketoconazole 10mg, Clobetasol Propionate 0.25mg and Neomycin Sulfate 5000IU ဆေးတွေပါတယ်။ ဖန်းဂတ်းစ် ခေါ် မှိုပိုးအတွက် ထိရောက်တယ်။ ဗက်တီးရီးယားပိုးင်ြတာလည်းရတယ်။ ရောင်ရမ်းဖြစ်စဉ်ကိုလည်း သက်သာစေမယ်။ tinea manus, tinea pedis, tinea corporis နဲ့ tinea cruris ခေါ် အရေပြားရောဂါတွေကို သက်သာစေမယ်။

ရောဂါရှိသူတွေ တနေ့ ၂ ကြိမ်လိမ်းရတယ်။ tinea corporis နဲ့ tinea cruris ကို ၂ ပါတ်လိမ်းရတယ်။ tinea pedis နဲ့ tinea manus ရောဂါတွေကို ၄ ပါတ်လိမ်းရတယ်။

မျက်နှာအတွက် ဆရာဝန်ညွှန်မှသာ လိမ်းရမယ်။ တခြားနေရာတွေမှာ အနာကျယ်တာအတွက်လည်း အဲလိုပဲ။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး