Sympathy Flowers စာနာမှုပန်း

ပို့ဆောင်ရေးကုမ္ပဏီတခုကနေ ပန်းတွေလာပို့တယ်။ ဘယ်သူကပို့သလဲ မသိသေးပါ။ ကျေးဇူး။

အဲလိုပဲ ကုသိုလ်ပြုပေးတာ၊ အကျိုးဆောင်ပေးတာတွေမှာ ဘယ်သူကပြုပေးသလဲ တခါတခါ ကိုယ်တိုင်မသိပါ။ ကိုယ်က ပြုပေးတဲ့ ကုသိုလ်မှုကိုလည်း ဘယ်သူဘယ်ဝါအတွက်ရယ်လို့ အမည်နာမတပ်မထားပဲ လုပ်ပေးရတယ်။

Sympathy Flowers ဆိုတာ စာနာ၊ သနား၊ ညှာတာ၊ ထောက်ထား၊ သမစိတ္တ၊ သပ္ပာယလို့ အဓိပ္ပါယ်တွေရှိတယ်။ ဝမ်းနည်းကြေကွဲဖွယ်ရာအချိန်ခါမှာ သေဆုံးသူအတွက် မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းကြောင်း ဖေါ်ပြတဲ့ ယဉ်ကျေးမှုပါ။ မိသားစုကို အားပေးရာကျတယ်။ ဒီအချိန်မျိုးဆိုတာ အထိမခံသဘောဆောင်လို့ ပန်းရွေးတာကအစ သတိထားရတယ်။ တခါတလေမထင်မရှား၊ တခါတလေ ထင်ထင်ပေါ်ပေါ်။ ပို့ပေးချိန် အချိန်ကိုက် ဖြစ်ရတယ်။ စာတမ်းရေးတာလည်း သတိပြုကြရတယ်။

White Madonna lily အဖြူရောင် မက်ဒေါ်နာလီလီပန်းကို သေဆုံးပြီးနောက်မှာ အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ ဆုတောင်းနဲ့သုံးကြတယ်။ Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်း ရှေးဟောင်း ဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ နတ်ဘုရားတွေရဲ့ ဘုရင်မ Hera ဟီရာရဲ့ နို့ရည်ကနေ လာတယ်လို့ ဖွဲ့ဆိုပါတယ်။ Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး