Birth control pills for emergency contraception

ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း

တနေ့ ၁လုံး၊ တလ ၂၈ လုံး သောက်ရတဲ့ အများဆုံးသုံး ကိုယ်ဝန်တားစားဆေးတချို့တွေကို အရေးပေါ်တားဆေး အနေနဲ့ သုံးနိုင်ပါတယ်။ အားလုံးမဟုတ်ပါ။ Levonorgestrel ပါတာမျိုးကိုမှ အဲလို အရေးပေါ်အနေနဲ့သုံးနေခဲ့တာ ၁၉၇ဝ ကျော် ကတည်းက ဖြစ်ပါတယ်။ ဆေးအတူတူပါတဲ့ Morning after pill ဆေးလောက်တော့ မထိရောက်လှဘူး။

အမေရိကားမှာ အရေးပေါ်တားဆေးတွေထဲက Ella (Ulipristal acetate) ဆေးကို ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။ Plan B One-Step, Next Choice One Dose, Next Choice and Levonorgestrel Tablets (progestin) တွေကို အသက် ၁၇ နှစ်ကျော်သူ ကျား-မ ဘယ်သူမဆို ဝယ်လို့ရတယ်။ နေ့တိုင်းသောက်ရတဲ့ တားဆေးတွေထဲမှာ Progestin နဲ့ Estrogen တွေပါတယ်။ Marvelon ဆေးထဲမှာ Ethinylestradiol နဲ့ Desogestrel ပါတယ်။

အရေးပေါ်ဆိုတာ မရည်ရွယ်ဘဲ အတူနေမိတဲ့နောက် ကိုယ်ဝန်မရချင်ရင် ၁၂ဝ နာရီအတွင်း သောက်ရတဲ့ဆေးဖြစ်တယ်။ Plan B One-Step နဲ့ Next Choice လိုမျိုး Levonorgestrel ပါတာဆိုရင် တခါတည်းသောက်လို့ရတယ်။ ပုံမှန်တားဆေးကို အရေးပေါ်သုံးရင် ကျန်တဲ့ဆေးအပိုကို မသောက်ပါနဲ့။ မထူးပါ။ ဘေးထွက်-ဆိုးကျိုးသာ ပိုခံစားရမယ်။

Progestin-only pills အရေးပေါ်တားဆေး
ဆေးနာမည် ချက်ချင်းသောက်ရန် နောက် ၁၂ နာရီမှာသောက်ရန်
Ella -
Next Choice -
Plan B -
Plan B One-Step -

Combined progestin and estrogen pills ပုံမှန်တားဆေး
ဆေးနာမည် ချက်ချင်းသောက်ရန် နောက် ၁၂ နာရီမှာသောက်ရန်
Alesse
Aviane
Cryselle
Enpresse
Jolessa
Lessina
Levlen
Levlite
Levora
Lo/Ovral
LoSeasonique
Low-Ogestrel
Lutera
Lybrel
Nordette
Ogestrel
Ovral
Portia
Quasense
Seasonale
Seasonique
Sronyx
Triphasil
Tri-Levlen
Trivora

ဒေါက်တာတင့်ဆွေ

Comments

  1. ဆရာ တစ်ပတ်လောက်ရှိရင်ကောအရေးပေါ်ဘာဆေးသောက်ရမလည်းဆရာ

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး