Rih Dil ရိဒ်ရေကန်

ညီတော်မောင်က ချင်းပြည်နယ်တကြောကဆေးရုံတွေကို သွားစစ်နေတယ်။ တီးတိန်၊ ဖလမ်း၊ ရိဒ်၊ ထန်တလန် စတဲ့ နေရာဒေသတွေကို တွေ့ရတယ်။

တိးတိန်နဲ့ ဖလမ်းကို မရောက်ဖူးပါ။ အဲဒီကလူတွေနဲ့ကတော့ လက်ညှိုးထိုးမလွဲ အတူနေရတာ ၁၉၉၁ ကတည်းက အခုထိပဲ။

ထန်တလန်က ဒေါက်တာမှုထန်နဲ့ အဆောင်မှာ တခန်းကျော်နေခဲ့တယ်။ နိုင်ငံရေးမှာလည်း သူက တခန်းကျော်လုပ်တယ်။ ၁၉၉ဝ မှာ သူက တသီးပုဂ္ဂလအမတ်။ ကျွန်တော်တို့ ထွက်ပြေးချိန်မှာ သူကအမျိုးသားညီလာခံထဲမှာ။ ဒိနောက်မှာ ပြည်ခိုင်ဖြိုးဖြစ်သွားတယ်။ ကျွန်တော်တို့ ၁၉၉ဝ ဒီဇင်္ဘာလထဲမှာ ထွက်ပြေးရတုံးက ထန်တလန်နားကပ်မသွားရဲကြဖူး။

ရိဒ်ကို မရောက်ဖူး မမြင်ဖူးပါ။ ရိဒ်ကိုစွဲလမ်းကြသူပေါင်း သောင်းဂဏန်းလောက်ကို တွေ့ပါတယ်။ Rih Dil ရိဒ်ရေကန်ဟာ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းနားက ဇိုခွါထားရွာနဲ့ ၃ ကီလိုမီတာအကွာမှာ ရှိတယ်။ ရေကန်က တမိုင်လောက်ရှည်တယ်။ မိုင်ဝက်လောက်ကျယ်တယ်။ ရေအနက် ပေ ၆ဝ ရှိတယ်။ နှလုံးသားပုံစံရှိလို့ လူတွေက နှစ်သက်စွဲမက်ကြတယ်။ နာမည်က Rih-i  မီဇိုရိုးရာပုံပြင်ကနေလာတယ်။ ညီအမနှစ်ယောက်ဇာတ်လမ်း ဖြစ်တယ်။ မိထွေးစကားနားထောင်ပြီး အဖေကသတ်ပြစ်တာခံလိုက်ရတဲ့ ညီမလေးဇာတ်လမ်း။ Rih-i ရိအီက အမနာမည်။ Lasi လာဆီနတ်ကောင်းကနေ အစွမ်းရှိတဲ့သစ်ပင်ကိုပြတယ်။ သစ်ရွက်လေးတရွက်ကနေ သူ့ညီမအသက်ပြန်ရှင်မယ်လို့ ပြောတယ်။ ဇာတ်လမ်းအဆုံးမှာ ရိဒ်ရေကန်ဖြစ်လာတယ်လို့ ယုံကြည်ကြတယ်။ ရိုးရာပုံပြင်ဖြစ်လို့ မူကွဲတွေတော့ ရှိမယ်ပေါ့။

ဒေါက်တာတင့်ဆွေ
၂-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ