BLACK မည်းရာက ဘာလို့မမည်းတော့သလည်း

Black list ကနေပယ်ဖျက်ခံရလို့ဝမ်းသာပါတယ်။ စိတ်ဆိုးပြေသွားတဲ့သဘောပေါ့။

၂ဝ၁၂ အောက်တိုဘာ ၃ဝ နေ့ကတည်းက အဲတာကိုထုတ်ပြန်တာပါ။ စိတ်ဆိုးပြေတာလည်း ဟုတ်ချင်တော့ ဟုတ်မှာပေါ့။ စိတ်ဆိုတာ မှန်းကြည့်ရတာမို့ မှန်ချင်မှလည်းမှန်မယ်။ ဆရာ့အမြင်ကတော့ အမည်းစာရင်းကနေ ဆရာတို့ကို မထုတ်ပဲ ထားတာထက် ထုတ်တာက သူတို့အတွက် ပိုကောင်းစေမှာမို့သာ လုပ်တယ်လို့ ထင်ပါတယ်။

MPC မှာ နိုင်ငံခြားပြန်တွေ ထပ်လိုနေပြီလားမသိ။

အတော်များများက အဲဒီမှာနေရာရကြတယ်။ တချို့လည်း သမတရုံး၊ တချို့ကလွှတ်အုပ်ရုံးမှာ။ တချို့ကသမတရုံးဝန်ကြီး တယောက်ယောက်ဆီမှာ နေရာရကြတယ်။

တချို့သာ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်။ တချိုကလည်း ဖိုရမ်လိုက်ရှာ။ တချို့လည်းတည့်။ တချို့လည်းကွဲ။

NLD ထဲမှာ ဆက်လုပ်သူတချို့လည်း လုပ်ကြပါတယ်။ အဲတာကတော့ကောင်းတယ်။

ကျွန်တော် အဲလိုလုပ်နည်းတွေကို လက်လှမ်းတော့မှီပါတယ်။ ဒါပေမယ့် တခါမည်းပြီးသား ထပ်မမည်းချင်ပါဘူးဗျာ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး