Health for All in the 21st Century

မနက်ထ အီးမေးလ်ကလာတာကိုအရင် ချက်၊ ချတ် ကိုဆက်၊ မက်ဆေ့ခ်ျကလာတာတွေ ဖြေ။ ရေးပြီးသားတွေ ပို့ပေး၊ တပုဒ်သာ အသစ်ရေးရ။ နေ့တဝက်ကျိုးမှ သက်ပြင်းချ။
• Bad breath ခံတွင်းနံ့ မကောင်းရင်
• Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား
• SLE ထူးခြားတဲ့ရောဂါ
• Psoriasis အရေပြားနာတမျိုး
• Hymen အပျိုမြှေး
• Weight gain လှယုံမက ဝချင်သေးပါလျှင်
• Cytotec (Misoprostol) ဆေးသုံးနည်း
• Piles Q and A လိပ်ခေါင်းရောဂါ အမေးအဖြေများ
• Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂)

အသက် မသိပါ။ ဖြစ်တာဘယ်လောက်ကြာ မသိပါ။ ရာသီ-အိမ်ထောင်ရေး မသိပါ။ မပြောလိုသူများ ဆရာ့ဘလော့ခ်မှာ ရှာဖတ်ကြပါလို့ဖြေရတာက ၃-၄ ခါ။ အဲတာထဲမှာ မပြောပဲထပ်မေးလာ။ ဆရာဝန်သိလိုတဲ့အချက်တွေ မသိရပဲဖြေတာ မှန်ကန်မှုရှိမှာမဟုတ်ပါလို့ ပြန်ရေးရ။ ထပ်မေးကြအုန်းမလားတော့မသိ။ ကိစ္စမရှိပါ၊ နေ့တိုင်းလည်း အဲလိုပဲလာနေကြ၊ ကနေ့မှမဟုတ်။

လူမျိုးကစုံ၊ ရောဂါကလည်းပေါင်းစုံ၊ မြန်မာနိုင်ငံသားအကုန် ကျန်းမာခြင်းနဲ့ပြည့်စုံလို့ ဆုတောင်းလိုက်ပါကုန်။

၁၉၇၈ မှာ ကမ္ဘာပေါ်က ကျန်းမာရေးဝန်ကြီးဌာနပေါင်း ၁၃၄ ခုကနေ Global Health Declarations ကမ္ဘာ့ကျန်းမာရေး ကြေညာစာတမ်းကြီးကို အယ်လ်မာတာမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြလို့ Alma Ata Declaration လို့ခေါ်ကြတယ်။ မြန်မာပြည်လည်းပါလို့ အစိုးရဆရာဝန်လုပ်နေတဲ့ ကျွန်တော်တို့လည်း ခေတ်မီခဲ့တယ်။ အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာဆိုတဲ့ ဆောင်ပုဒ်နဲ့ပါ။ ကျွန်တော်တို့က တောဆေးရုံတွေမှာ ဘာလာလာလုပ်ပေးရတဲ့သူတွေဆိုတော့ အဲလို ဆောင်ပုဒ်ကြီးတွေကို မြို့ကဆရာဝန်တွေလို သိပ်နားမလည်ကြလို့ ပိုပြီးတောကျတယ်။

ထန်းလျောလူနာကိုပြစ်တားပြီး တရားထွက်မဟောတဲ့ ကျွန်တော်တို့လို ကုသရေးဆရာဝန်တွေကို ကာကွယ်ရေးမှာ အာရုံမထားဘူးဆိုပြီး အပြစ်တော်တင်ခံကြရတယ်။ ဟုတ်မှာပါ သက္ကရာဇ် ၂ဝဝဝ ကျော်ပေမယ့် အားလုံးက မကျန်းမာသေးတာ ကျွန်တော်တို့ကြောင့်နေမှာ။ ကျွန်တော်တို့လည်း ပြောတော့ပြောကြပါတယ်။ ကောင်းတာတွေစား၊ ညံ့တာတွေမစားနဲ့။ ယင်လုံအိမ်သာမှာသွား။ ခြင်ကြားသတိထား။ ဆေးရုံသွားမွေး။ ကလေးမများစေနဲ့။

ကျွန်တော်တို့ ဆရာဝန်ပေါက်စမှာ HIV မရှိပါ။ အသည်းရောင်ဆိုတာ (အေ) တမျိုးသာရှိတယ်။ အာလ်ထွာဆောင်း မပေါ်သေး။ ဓါတ်ခွဲခန်းနဲ့ ဓါတ်မှန်ရှိတဲ့ဆီသွားဘို့ရာ မိုင် ၂ဝ ကနေ ၁ဝဝ လောက်ဝေးတယ်။ ခုခေတ် လူဖြစ်ရတာ ကံကောင်းကြတယ်လို့ ပြောရမှာပေါ့။ သက္ကရာဇ် ၂ဝ၁၅ မှာ မြန်မာပြည်သားတွေ ပိုပြီးကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး