S.T.EYE condoms that change color when they come in contact with STIs

ဗြိတိန်က ဆယ်ကျော်သက် ၃ ယောက်နေ တီထွင်မှုတခုလုပ်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် ကွန်ဒွမ် အရောင်ပြောင်းသွာမယ်လို့ ဆိုပါတယ်။ S.T.EYE condom လို့နာမည်ပေးထားတယ်။ အဲလိုအရောင်ပြောင်းနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ ကလာမိုင်ဒီးယားနဲ့ ဆစ်ဖလစ်တွေဖြစ်ပါတယ်။ လိင်လမ်းရေယုံနဲ့ လိင်လမ်း ကြွက်နို့တွေကိုလည်းသိမယ်။

မော့ဇ် နောဝပ်ဇ်က ၁၃ နှစ်၊ ဒယ်နီရယ် အလီက ၁၄ နှစ်နဲ့ ချီရက်ရှာက ၁၄ နှစ်အရွယ်ရှိကြတယ်။ လန်ဒန်အရှေ့ပိုင်းက Isaac Newton Academy ကျောင်းသားတွေဖြစ်ပါတယ်။

အဲဒီကွန်ဒွမ်ကိုသုံးပြီးအတူနေရင် ဘယ်သူ့မှာ အဲလိုရောဂါရှိနေနေ အရောင်ပြောင်းမယ်လို့ သီအိုရီအရဆိုပါတယ်။
လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် အဲဒီလူရဲ့ကိုယ်ကနေ အင်တီဘော်ဒီထွက်မယ်။ ကွန်ဒွမ်ကနေ အဲဒါကိုသိမယ်။ အရောင်ပြောင်းလာမယ်။ ကွန်ဒွမ်အသစ်အမျိုးအစားမှာ အလွှာပိုတခုပါတယ်။ အဲတာကနေ ကလာမိုင်ဒီးယား၊ ဆစ်ဖလစ်၊ လိင်လမ်းရေယုံနဲ့ ကြွက်နို့တွေကို စမ်းမှာဖြစ်ပါတယ်။

WHO စာရင်းဇယားတွေအရ နေ့စဉ် လူပေါင်း ၁ သန်းဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးစက်ခံနေကြရတယ်။ ကလာမိုင်ဒီးယားက အဖြစ်အများဆုံး။ တီထွင်သူကျောင်းသားတွေ TeenTech Awards ဆု ပေါင် ၁ဝဝဝ ရသွားကြတယ်။

ကလာမိုင်ဒီးယားဆို အစိမ်းရောင်၊ လိင်လမ်းရေယုံ အဝါရောင်၊ လိင်လမ်းကြွက်နို့ ခရမ်းရောင်နဲ့ ဆစ်ဖလစ်ဆို အပြာရောင် ဖြစ်လာပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး