Hepatitis B treatment (ဘီ) ပိုးကုသနည်း

ကျွန်မ နာမည် မ့ပါ။ အသက် ၂၅ နှစ်ပါ။့ တစ်ယောက်ပါ။ လွန်ခဲ့တဲ့တနှစ်ခွဲလောက်ကမှ ဘီပိုးရှိမှန်းသိခဲ့ပါတယ်။ သမားတော့့် နဲ့ပြပြီး Tenvir ဆေးကို ခြောက်လလောက်သောက်ပြီးပါပြီရှင့်။ သွေးပြန်စစ်တော့လည်း ဘီပိုးရှိနေတုန်းပါပဲ။ ဆေးသောက်ပြီး ကိုယ်အလေးချိန် ဆယ်ပေါင်ကျသွားပါတယ်။ သမားတော်က ဆေးပဲဆက်သောက်ခိုင်းပါတယ်။ ဘယ်လောက်ထိသောက်ရမယ် ဘယ်အချိန်ထိ ဆက်သောက်ရမယ် မပြောပါဘူး။ အခု ကျွန်မ တာဝန်ကျတဲ့ရွာကိုရောက်နေလို့ ဆေးပြတ်တာလည်း ခြောက်လကျော်ပါပြီ။ ကျန်းမာရေးဝန်ထမ်းဖြစ်လို့ လူနာတွေဆီ ပိုးကူးမှာလည်းကြောက်ပါတယ်။ ဘာဆက်လုပ်ရမလဲ အကြံပေးပါဆရာရှင့်။ နောက်ပြီး ဘယ်လိုအားဆေးတွေ သောက်လို့ရနိုင်မလဲ ပြောပြပေးပါရှင့်။ ကျွန်မအနားမှာ ကျန်းမာရေးဝန်ထမ်းများပေမယ့် အားလုံးက ဘီပိုးသမားဆို ရှောင်ကြလို့ ဆရာ့ဆီ အကူအညီတောင်းရတာပါ။ ကျေးဇူးပြု၍ ကူညီပါဆရာရှင့် လေးစားစွာဖြင့်။

ဆရာရှင့် B ပိုးရှိသူ ကုသပျောက်ကင်းနိုင်ပါသလား။ အကုန်အကျများပါသလားဆရာ။ မတတ်နိုင်သူတွေက အသည်းရောဂါနဲ့ သေရမယ့်အချိန်ထိုင်စောင့်နေနေရမှာမျိုးလားဆရာ။ အခြားနည်းလမ်းရှိရင်သိပါရစေ။ တနိုင်ငံလုံးက ငွေမတတ်နိုင်တဲ့ရောဂါရှင်များအတွက်အခြားနည်းလမ်းရှိရင်သိပါရစေ။

အသည်းရောင် (ဘီ) ပိုးဟာ ကိုယ်ခန္ဓာအရည်တွေနဲ့ သွေးကနေတဆင့်ကူးစက်တယ်။ ဆေးထိုးအပ်ပြန်သုံးရာကနေလည်း ကူးစက်နိုင်တယ်။ ကူးစက်ကာစ မသိသာသေးပါ။ နာတာရှည်ဖြစ်မယ်။ ဆက်ပြီးဖြစ်နိုင်တဲ့ အသည်းခြောက်တာနဲ့ အသည်းကင်ဆာတွေကြောင့် တနှစ်မှာ လူပေါင်း ၆၅ဝဝဝဝ သေဆုံးနေရတယ်။ အများစုဟာ ဝင်ငွေနည်း တိုင်းပြည်တွေ (အာရှနဲ့အာဖရိက) မှာ အများဆုံးဖြစ်တယ်။ ကမ္ဘာမှာလူပေါင်း သန်း ၂၄ဝ မှာ (ဘီ) ပိုး ကူးစက်ခံထားကြရလို့ နာတာရှည် အသည်းရောင်ရောဂါ ရှိနေကြတယ်။ ထိရောက်တဲ့ကုသနည်းကို လိုက်နာနိုင်ရင် အသက်ပိုရှည်ပါမယ်။ ကလေးတိုင်းကို မွေးကတည်းက ကာကွယ်ဆေးထိုးပေးရပါမယ်။ ကိုယ်ဝန်ဆောင်တွေသတိထားစရာ သပ်သပ်ရေးထားပါတယ်။ အရပ်နည်းတွေကို ကျေးဇူးပြုပြီး ဖြန့်ဝေတာမလုပ်ကြစေချင်ပါ။ ကိုယ့်မှာ ဒီပိုးရှိနေရင် အဲဒီနည်းကိုသာ အားကိုးမှာလားကို အရင်စဉ်းစားပြီးမှသာ ပေးကြစေချင်ပါတယ်။

(က) Acute hepatitis B ရက်တိုဖြစ်တာ
HBIG ကာကွယ်ဆေး ၃ ကြိမ်ထိုးပါ။ ပိုးပါလောက်တဲ့အပ် စူးတာကနေ ကူးနိုင်တယ်လို့ထင်ရင် ၇ ရက်အတွင်း၊ ပိုးရှိသူနဲ့ လိင်ဆက်ဆံမိတာဆိုရင် (၁၄) ရက်အတွင်းမှာ ကာကွယ်ဆေး ထိုးနိုင်ရင်အကောင်းဆုံးဖြစ်တယ်။ ကူးစက်လာတဲ့ လက္ခဏာရှိနေချိန်မှာ ကာကွယ်ဆေးထိုးလည်းမထူးပါ။

(ခ) Chronic hepatitis B နာတာရှည်ကုသနည်း
အသည်းကို ထပ်ပြီးမပျက်စီးစေဘို့နဲ့ ပိုးတွေမပွါးစေဘို့ရည်ရွယ်တယ်။ ဆေးကို ကူးစက်မှုတက်ကြွနေချိန်မှာ ပေးတယ်။ ပိုးတွေပွါးမှာကို နှေးစေမယ်။ လူတိုင်းကိုဆေးမပေးပါ။ ဆေးစစ်တာတော့ ပုံမှန်လုပ်နေရမယ်။ အသည်းခြောက်နေရင်တော့ အဲဒီအတွက်ဆေးလိုမယ်။ ပိုးသေဆေးက အသည်းကို ပြန်မကောင်းစေနိုင်ပါ။

၁၂-၃-၂ဝ၁၅ နေ့ကထုတ်ပြန်တဲ့ WHO ရဲ့ ပထမဆုံးအသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်
(၁) ဘယ်သူတွေအတွက်နဲ့ အသည်းအခြေအနေသိဘို့ရာ ရိုးရှင်းတဲ့ အကြီးစားလည်းမဟုတ်တဲ့ စမ်းသပ်နည်းတွေ၊
(၂) အသည်းခြောက်နေသူတွေအတွက် ကုသမှုဦးစားပေးရွေးချယ်စရာတွေ၊
(၃) နာတာရှည်အသည်းရောင်နေသူအတွက် စိတ်ချရပြီး အကောင်းဆုံးထိရောက်တဲ့ tenofovir (သို့) entecavir ဆေး၊
(၄) အသည်းကင်ဆာကိုစောစောသိနိုင်ရေး၊ ကုသမှုထိရောက်ပုံသိနိုင်ဘို့နဲ့ ဆေးကုတာဘယ်တော့ရပ်မလည်းတို့အတွက်  ရိုးရှင်းတဲ့ စမ်းသပ်နည်းကိုသုံးပြီး ပုံမှန်စောင့်ကြည့်နည်း
(၅) အထူးလိုအပ်သူတွေ (HIV နဲ့တွဲရှိနေသူတွေ၊ ကလေးတွေနဲ့လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ) အတွက် လိုအပ်ချက်များပါတယ်။

နာတာရှည်ဘီပိုးအသည်းရောင်ကုသနည်း
၁။ Antiviral medications ဆေးပေးနည်း lamivudine (Epivir), adefovir (Hepsera), telbivudine (Tyzeka) and entecavir (Baraclude) စားဆေးတွေ၊
၂။ Interferon alfa-2b (Intron A) ထိုးဆေး၊
၃။ Liver transplant လိုအပ်သူကို အသည်းအစားထိုးတယ်။

HBeAg-positive naïve လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်ပေးတယ်။
HBeAg-negative လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၇၂ ပါတ်ပေးတယ်။
HBeAg-negative or -positive လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်ပေးတယ်။

Tenofovir ဆေးကို ဘယ်လောက်ကြာကြာ ပေးရမလည်းတော့ အတိအကျသတ်မှတ်ချက်မရှိသေးပါ။ တခြားဆေးတွေနဲ့တွဲပြီး HIV-1 ကိုလည်းပေးတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ အားယုတ်။

လူအများစုအတွက် ဆေးဟာတသက်လုံးဖြစ်ပါတယ်။ ဆေးကုသတာရဲ့ ရည်ရွယ်ချက်က ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသည်းထဲမှာ ပွါးများမလာစေအောင်လုပ်ပေးတယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကိုနှိမ်နိုင်လာမယ်။ အသည်းကိုလဲ ဆက်ပြီးပျက်စီးတာ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်။ အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်မလာစေဘူး။ အသည်းရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေးမလိုပဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသည်းရောင်ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်းမသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသည်းရောဂါဖြစ်လာမယ် အသည်းထဲမှာ ပိုးတွေပွါးလာမယ်။ ဆေးကုသဘို့လိုနိုင်တယ်။ ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A ကာကွယ်ဆေးလည်း ထိုးသင့်မယ်။

Interferons ဘေးထွက်ဆိုးကျိုး = ဖျား၊ ခေါင်းကိုက်၊ ဆံပင်ကျွတ်၊ စိတ်။ Cirrhosis အသည်းခြောက်နေရင် Interferons မပေးပါ။ adefovir, entecavir, lamivudine, telbivudine, and tenofovir တွေတော့ပေးနိုင်တယ်။ ဆေးပေးပေမယ့် ပြန်ထလာတာလည်းရှိတတ်တယ်။

ကိုယ့်ဖါသာစောင့်ရှောက်တာလည်း အရေးကြီးတယ်။ လုပ်နိုင်တဲ့အလုပ်မျိုးကိုသာလုပ်ပါ။ နားလို့ရသလောက်နားပါ။ အရက်နဲ့ မူးယစ်ဆေးမတည့်ပါ။ Acetaminophen ပါရာစီတမောရှောင်ပါ။ ယားရင် Benadryl or Chlor-Trimeton ဆေးသုံးနိုင်တယ်။ Sodium 1.5 g/day ဆား (ဆိုဒီယမ်) လျှော့စားပါ။ ပရိုတင်းများများစားပါ။ အဲတာမဟုတ်ပါလို့လည်း ရှိတယ်။ မျှတလုံလောက်ဘို့က အဓိကဖြစ်တယ်။ ဆား (ဆိုဒီယမ်) သိပ်နည်းနေရင် 1.5 L/day ရေသောက်မများရပါ။

Hepatitis B links အသည်းရောင် (ဘီ) ဖတ်စရာများ
1. Hepatitis A, B, C, D, E, G အသည်းရောင်ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
2. Hepatitis and Sweating အသည်းရောင် (ဘီ) ချွေးကနေ ကူးနိုင်သည် http://dts-medicaleducation-adult.blogspot.in/2013/04/sweat-can-transmit-viral-infections-hiv.html
3. Hepatitis B (1) အသည်းရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
4. Hepatitis B (2) အသည်းရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
5. Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
6. Hepatitis B and breastfeeding အသည်းရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
7. Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-antibody-level.html
8. Hepatitis B Immune Globulin အသည်းရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
9. Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
10. Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
11. Hepatitis B Prognosis (ဘီ) ပိုး အလားအလာ http://dts-medicaleducation.blogspot.in/2013/08/hepatitis-b-prognosis.html
12. Hepatitis B vaccine ဘယ်ကနေထုတ်သလဲ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-vaccine.html
13. Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
14. Hepatitis B အသည်းရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
15. Hepatitis Q and A အသည်းရောင်ခြင်း အမး-အဖြေ http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
16. Hepatitis အသည်းရောင်ခြင်း အမျိုးမျိုး http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
17. Liver blood tests အသည်းအခြေအနေ သိချင်ရင် သွေးစစ်ပါ http://dts-medicaleducation.blogspot.com/2012/01/liver-blood-tests.html
18. Liver cancer early detection အသည်းကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ http://dts-medicaleducation.blogspot.in/2014/03/liver-cancer-early-detection.html
19. Liver diseases အသည်းရောဂါများ http://dts-medicaleducation.blogspot.com/2011/12/liver-diseases.html
20. Liver Tonics အသည်းအားဆေး http://dts-medicaleducation.blogspot.in/2014/03/liver-tonics.html
21. Liver Transplant Matching Criteria အသည်းချင်း တူကြရဲ့လား http://dts-medicaleducation.blogspot.in/2013/07/liver-transplant-matching-criteria.html
22. Liver transplant အသည်းအစားထိုးကုသခြင်း http://dts-medicaleducation.blogspot.in/2013/07/liver-transplant.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး