Shaving Baby's Head ကလေးခေါင်းရိတ်သင့် မသင့်

၁။ မင်္ဂလာပါဆရာရှင့် သမီးကလေးမွေးထားတာ ၂ လမပြည့်သေးပါဘူးရှင့်။ ဒါကို ပတ်ဝန်းကျင်က ကလေးကို ကတုံးမတုံးလို့ပြောနေပါတယ်။ မွေးဆံပင်မထားကောင်းဘူးဆိုပြီး။ ဒါကြောင့် ကလေးဘယ်အရွယ်လောက် ကတုံးတုံးသင့်ပါသလဲ။

၂။ ဆရာ ကျွန်တော်တို့ဗမာလူမျိုးတွေမှာ ကလေးတလခွဲ နှစ်လလောက်ဆိုရင် ဆံပင်ရိတ်ကြတယ်။ သူများနိုင်ငံတွေမှာ   ရိတ်မရိတ်၊ သင့်မသင့်သိချင်ပါတယ်။ ကျွန်တော့်သမီးလေး မနေ့ကရိတ်တာ ဓါးထိသွားတယ်။ ကျွန်တော်ငယ်တုန်းကလဲ ထိတယ်တဲ့ ခေါင်းမှာ တသက်စာအမာရွတ် ခွက်ခွက်လေးနဲ့ပေါ့။

ကလေးငယ်လေးတွေကို ခေါင်းရိတ်သင့် မသင့်၊ တယောက်တမျိုးပြောကြတယ်။ လုပ်နေကြတာကတော့ အစဉ်အလာနဲ့ သူများတွေကကပြောလို့။ ဆရာဝန်တွေမေးရင့့်

ဆံပင်ရိတ်တာ ဆံပင်သန်စေသလား။ နိုး။ သက်ရောက်မှု မရှိပါ။ ကလေးတိုင်း မွေးဖွာနေစဉ်မှာ ဆံပင်တချို့ဆုံးရှုံးတယ်။ ရောဂါမရစေပါ။ ၄ လနောက်မှာ ဆုံးရှုံးလာတော့မယ်။ ဆံပင်ပြန်ပေါက်မယ်။ အချိန်နည်းနည်းကြာတယ်။ ဆံပင်ထူလာမယ်။ အရောင်ရင့်လာမယ်။

ကလေးကို ဆံပင်ရိတ် မရိတ်၊ မိဘတွေသဘောသာဖြစ်တယ်။ ဆရာဝန်တွေပြောချင်တာက ရိတ်တိုင်း ကလေးခေါင်းကို မထိခိုက်ပါစေနဲ့။ ကျွမ်းကျင်သူကို ရိတ်စေပါ။ တခါသုံးဓါးကိုသာသုံးပါ။ ကလေးမငိုတတ်တဲ့ နေ့အချိန်မှာသင့်မယ်။ ကလေးကို သက်တောင့်သက်သာထားပါ။ ကလေးသုံခေါင်းလျှော်ရည် မရိတ်ခင် + ရိတ်အပြီး သုံးပါ။ Razor ရေဇာထက် Trimmer ထရင်မာကိုသုံးပါ။ အကုန်မရိတ်ပဲ တိုတာလည်းရတယ်။ နေရာအကန့်လိုက် တခုရှင်းမှာ နောက်အကန့်ကို ဆက်ရိတ်ပါ။ ပြီးရင် ရေနွေးလေးနဲ့ ရေချိုးပေးပါ။ Disinfectant ကလေးသုံးနိုင်တဲ့ ပို့သေဆေးရည်လိမ်းပါ။ Moisturizer ကိုလည်းသုံးနိုင်တယ်။

ခေါင်းပွေးလို အလာဂျီလိုဖြစ်နေရင် Natural Oil တွင်းထွက်ဆီတခုခုသုံးနိုင်တယ်။ T-Gel shampoo လည်းသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး