ကလေးသည် ခလေးမဟုတ်


ကလေးမရသေးတဲ့ အိမ်ထောင်သယ်တွေ၊ ကလေးလွယ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးအမေတွေက ကလေးအကြောင်းတွေ မေးကြတယ်။ (၁ဝ) ယောက်မှာ (၉) ယောက်လောက်က ခလေးလို့ရေးနေကြတယ်။ မှားတယ်။ ကလေးလို့သာ ရေးရမယ်။

အရင်က ကလေးရော ခလေးပါ ရေးခဲ့တာရှိတယ်။ သတ်ပုံစာအုပ်တွေမှာတော့ ခလေးလို့ မရှိပါ။

ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကန်စွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကျောင်းသားတွေက ကညစ်ကို မသိကြပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ ခလေးလို့ရေးနေသူတွေက သူငယ်တန်းစာကို မေ့လိုက်ကြတာလား မသိပါ။

ကလေးရချင်သူတွေ၊ ကလေးရတနာမွေးလာစေချင်သူတွေ၊ ကလေးကျန်းမာရေးကောင်းချင်သူတွေ ကလေးသတ်ပုံ ဂရုစိုက်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး