Chinese menu တရုပ် မီနူး

(၂ နှစ်ကတင်တဲ့စာ)

• ကုန်းဘောင်ကြီးကြော်၊
• တောက်တောက်ကြော်၊
• ကိုက်လန့်ကြော်၊
• ခေါက်ဆွဲကြော်၊
• ချိုချဉ်ကြော်၊
• ဆယ်နှစ်မျိုးဟင်းချို။

• ကုန်းဘောင်ခေတ်က ဂေါဝိန်ဆိပ်မှာ နော်ဝေမင်းလာတော့
နာမည်ရတာက ပြည်ခိုင်ဖြိုးအစိုးရ၊
• ဆယ်နှစ်မျိုးဟင်းချိုလုပ်ခဲ့တာက ပြည်ခိုင်ဖြိုးသမတ၊
• တောက်တောက်စဉ်းခဲ့တာက အရင်စစ်အစိုးရနှစ်ဆက်က၊

• ကိုက်လို့လန့်နေရတာ မီဒီယာ၊
• ဗျူရိုကရေစီဆိုတာ ခေါက်ဆွဲစားလို့အားမရပါ၊
• ချိုလိုက်ချဉ်လိုက်နဲ့ဟာ ငြိမ်းချမ်းရေးသတင်း၊
• (လူအများအော်ခဲ့ကြတာက) တရုပ်ဟင်းမဟုတ်၊ ပဲပြုပ်နဲ့ နံပြား။

ဒေါက်တာတင့်ဆွေ
၉-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး