Expatriate ပြည်ပြေး

(မနှစ်က ဒီနေ့မှာ ရေးခဲ့တာ)

ဆရာတင်မိုးရဲ့ ပြည်ပြေးလွမ်းချင်းမှာ ယာခင်းနဲ့ နွားပြာတရှဉ်းတဲ့

လယ်ကန်သင်းနဲ့ ထမင်းကြမ်းခဲ၊ ကျွန်တော်လည်း လွမ်းနေဆဲပါဆရာ၊

ဆရာက ဆရာအိုရဲ့ ဘင်ဂျို၊ ကျွန်တော်ဆို ဆေးကျောင်းမှာသင် မယ်ဒလင်၊ ဖိုဆိုချင်သူငယ်ချင်း လွမ်းချင်းပါပဲဆရာ၊

ဆရာက ကျမ်းစတိုထွာ ငြင်းစရာ၊ ကျွန်တော်မှာ ဆေးပညာစာနဲ့ မင်္ဂလာလမ်း၊ လွမ်းခန်းချည်းပါဆရာ။

စာအဆုံးကတော့ ဆရာသုံးသလိုပါပဲဆရာ၊

ယခုအခါ၊ ငါ့ရွာနဲ့ဝေး၊ ပြည်ပြေး တိုင်းခြား၊ ငါရောက်သွား၊ ဘာများတတ်နိုင်မှာလဲဗျား။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး