မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, December 22, 2016

Facebook Etiquette ဖေ့စ်ဘွတ် ကျင့်ဝတ်

၁။ တကိုယ်ရေသတင်းနဲ့ ပုဂ္ဂိုလ်ရေးတွေကို မက်ဆေ့ခ်ျကနေသာတင်ပါ။ ဝေါလ်ပေါ်မှာမတင်ပါနဲ့။

၂။ ကွန်မင့်တွေဟာ မေးခွန်းဖြစ်နေမှသာ ပြန်ဖြေပါ။

၃။ ပို့စ်တိုင်းမှာ ကွန်မင့်လိုက်ပေးနေတာ မလုပ်သင့်ပါ။

၎။ ထပ်ချည်းတလည်း ရှယ်တာ မလုပ်သင့်ပါ။

၅။ ကိုယ်တင်လိုက်တာရဲ့ အတိမ်အနက်နဲ့ ဘယ်အထိရောက်သွားသလဲကို သိထားပါ။

၆။ တင်လိုက်တာတွေ အများစုဟာ ပို့စ်လို့ မခေါ်ထိုက်ပါ၊ ပုဂ္ဂိုလ်ရေးသတင်းသာ ဖြစ်တယ်။ ထူးခြားတဲ့ သတင်း စကားမျိုးကို ဖုန်းကနေဖြစ်စေ SMS မသုံးပါနဲ့။ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ မယဉ်ကျေးရာကျတယ်။

၇။ ကိုယ့် ပို့စ် ကွန်မင့်တွေရဲ့ (တုန်း) အနိမ့်အမြင့်ကို သတိထားရွေးချယ်ပါ။ ရိုင်းပျတာ၊ ဆဲရေးတိုင်းထွာတာ၊ နားလည်မှုလွဲတတ်တာကို ဆင်ခြင်ပါ။ ပြုံးရယ်စရာတခုကနေ ဖတ်တဲ့သူတိုင်းကို ပြုံးရွှင်စေနိုင်တယ်မဟုတ်ပါလား။

၈။ တစိမ်းတွေကို မိတ်ဆွေဖွဲ့ကြည့်ပါ။ ကိုယ့်ရဲ့ ဖရင်းအရေအတွက်ဟာ စတေးတပ်စ် ကိုယ့်အဆင့်အတန်းလို့ ယူဆသူတွေရှိတယ်။ ဒါပေမဲ့ အဲလိုဟာကို ကြွားချင်လို့နဲ့တော့ မိတ်ဆွေမများများအောင်လုပ်တာကတော့ မသင့်ပါ။

၉။ Unglam shots (unglamorous pictures) ခေါ်တဲ့ မလျှော်တဲ့ပုံတွေ ဥပမာ အရက်သောက်နေတဲ့ပုံ၊ အိပ်ယာက ထကာစပုံတွေကို ခပ်ပေါ့ပေါ့သဘောထားပြီးတင်ရင် အများသူငါက မနှစ်ခြိုက်တတ်ပါ။

၁ဝ။ ဖေ့စ်ဘွတ် ဆိုတာ အသွားနှစ်ဖက်ပါတဲ့ဓါးလိုပဲ။ ဖရင်းအချင်းချင်းကြား ပိုပြီးရင်းနှီးမှုရစေနိုင်သလို၊ သင်ရဲ့အကြောင်း မလိုအပ်တာတွေကိုပါ သိသွားစေနိုင်တယ်။

၁၁။ Chain Status Updates ခေါ်တဲ့ ဒီသတင်းကို လူဘယ်နှစ်ဦးထံ ရှယ်ပါ။ မလုပ်ရင် သင်ဘာဖြစ်သွားမယ်ဆိုတာမျိုး ဖေ့စ်ဘွတ်မှာ မလုပ်သင့်ပါ။ ကောင်းစေချင်တဲ့ စေတနာနဲ့သာသုံးပါ။

၁၂။ လွတ်လပ်တဲ့ အင်တာနက်မှာ လူတိုင်းလွတ်လပ်ခွင့်ရှိပါတယ်။ ကိုယ်မကြိုက်တာနဲ့ သူတပါးကို ဒစ်လိုက်ခ် လုပ်တာ မသင့်လှပါ။ ဒါကြောင့် ဖရင်းအသစ်တွေကို အဒ်လုပ်ရင် သတိထားပါ။ ထည့်ပြီးမှ ဖြုတ်နေရတာ မကောင်းလှပါ။ လုပ်သင့်ရင်လဲ ရဲရဲသာလုပ်လိုက်ပါ။
ဖေ့စ်ဘွတ်မှာ ဒီယဉ်ကျေးမှုကျင့်ဝတ်တွေကို လိုက်နာမယ်၊ မလိုက်နာချင်ဘူးဆိုတာ လူကြီးမင်းသဘောသာ ဖြစ်ပါတယ်။ ရယ်မောစရာနဲ့ စိတ်သောကရောက်စရာအကြားမှာ (ဘဲလင့်စ်) မျှခြေကိုတော့ ရှာသင့်တယ်။ ထိန်းချုပ်မှုများလွန်းရင်လဲ (ခရီယေတစ်ဗတီ) ခေါ်တဲ့ ဆန်းသစ်တီထွင်မှုမှာ အားနည်းစေမယ်။ ချက်ချင်းသဘောဖြစ်တယ်ဆိုတဲ့ မြန်ဆန်မှုကိုပါ နှေးစေနိုင်တယ်။ အများသူငါတွေနဲ့ကိုယ် ဆက်စပ်နေတာကို မပြတ်သိထားပါ။ (ပရိုက်ဗေစီ) ကိုယ်ပိုင်သီးသန့်ရှိမှုကိုတော့ အထိပါးမခံပါနဲ့။ မှန်ကန်တဲ့မျှခြေကို ရှာတတ်ပါစေ။ ဖေ့စ်ဘွတ် သုံးရတာ ပျော်စရာဖြစ်ပါစေ။ အကျိုးရှိတာဖြစ်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.