Fact sheet on HIV-AIDS

၂ဝ၁၅ အကုန်မှာ လူပေါင်း ၃၆့၇ သန်းဟာ HIV နဲ့နေထိုင်နေကြရတယ်။ လူပေါင်း ၁့၁ သန်း ဒီရောဂါနဲ့ သေဆုံးခဲ့ရပြီး ဖြစ်တယ်။ ၂ဝ၁၆ နှစ်လယ်မှာ ၃၅ သန်းကျော်မှာ ပိုးရှိနေတယ်။ လူပေါင်း ၁၈့၂ သန်းဟာ ART ဆေးသောက်နေကြတယ်။ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၅ အတွင်း ၃၅% ကျဆင်းလာတယ်။ လူ ၈ သန်းအသက်ကိုကယ်ဆယ်နိုင်ခဲ့တယ်။ ဆာဟာရ အောက်ပိုင်းဒေသမှာ ၂၅့၆ သန်းရှိတယ်။

HIV ကူးစက်ခံရမှုကို rapid diagnostic tests (RDTs) အမြန်စမ်းနည်းနဲ့စစ်ဆေးတယ်။ (အင်တီဘော်ဒီ) ကို စစ်တာ ဖြစ်တယ်။ အခုထိ ပျောက်ကင်းအောင်ကုသနည်းမရှိသေးပါ။ ART ဆေးသောက်နေရင် ပိုးတွေပွားမှာကို ထိန်းထားနိုင်တယ်။ သူများကိုကူးစက်မှာ ထိန်းနိုင်တယ်။

Human Immunodeficiency Virus ဗိုင်းရပ်စ်ကို HIV ခေါ်တယ်။ လူရဲ့ ခုခံမှုစနစ်ကိုပျက်စီးစေတယ်။ တခြားကူးစက် ရောဂါပိုးနဲ့ ကင်ဆာဖြစ်လာရင် သူများတွေလောက် မခံနိုင်တော့ပါ။ ခုခံနိုင်စွမ်းကို CD4 cell count နဲ့ကြည့်နိုင်တယ်။ နောက်ရောဂါတွေ ဝင်လာတာကို Acquired Immunodeficiency Syndrome (AIDS) လို့ခေါ်တယ်။ ၂ နှစ်ကနေ ၁၅ နှစ်အထိကြာနိုင်တယ်။

HIV ပိုးကူးစက်ခံရရင် ခံစားရတာတွေက အဆင့်အရ မတူကြပါ။ ပိုးရှိနေသူတွေဆီကနေ သူများကို အများဆုံး ကူးစက်နိုင်တာက လူနာကူးစက်ခံထားရပြီး အစောပိုင်းလတွေမှာသာဖြစ်တာတွေ့လာရတယ်။ ကူးကာစမှာ တုပ်ကွေးမိသလိုသာခံစားရတယ်။ ဖျားမယ်။ ခေါင်းကိုက်မယ်။ အနီစက်ထွက်မယ်။ လည်ချောင်းနာမယ်။

နောက်ပိုင်းမှာ ခုခံအား အားနည်းလာပြီး တက်စေ့ ခေါ် လင့်ဖ်နုတ်လေးတွေရောင်မယ်။ ကိုယ်အလေးချိန်ကျလာတယ်။ ဖျားမယ်။ ဝမ်းပျက်မယ်။ ချောင်းဆိုးမယ်။ ဆေးကုမနေရင် တီဘီကူးစက်ခံရမယ်။ cryptococcal meningitis ဦးနှောက်မှေးရောင်တာနဲ့ ကင်ဆာဖြစ်နိင်တယ်။ lymphomas နဲ့ Kaposi's sarcoma ကင်ဆာအဖြစ်များတယ်။

တယောက်နေတယောက်ကို ကိုယ်ခန္ဓာအရည်ကတဆင့်ကူးစက်တယ်။ သွေး၊ နို့ရည်၊ သုက်ရည်နဲ့ ဗဂျိုင်းနား အရည်တွေကနေ ကူးစက်တယ်။ နမ်းတာ၊ ပွေ့ဖက်တာ။ လက်ဆွဲနှုတ်ဆက်တာ၊ အတူထမင်းစားတာ၊ ခြင်ကိုက်တာတွေကနေ မကူးစက်ပါ။

အကာကွယ်မဲ့လိင်ဆက်ဆံတာ၊ တခြားလိင်ကတဆင့်ကူးစက်ရောဂါ (ဆစ်ဖလစ်၊ လိင်လမ်းရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုးရီးယား၊ ဗဂျိုင်းနားရောင်ခြင်း) ရှိနေရင် ပိုပြီး ကူးစက်ခံရနိုင်တယ်။ ဆေးထိုးအပ်မျှသုံးတာကနေလည်း ကူးတယ်။ သွေးသွင်းတာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလဲတာ၊ အလှအပကွင်းတပ်တာ။ အနာဒဏ်ရာရတာတွေကနေလည်း ကူးစက်နိုင်တယ်။

Serological tests ခေါ်သွေးစစ်နည်းန့ ရောဂါသေချာစေရတယ်။ RDTs သို့ enzyme immunoassays (EIAs) လို့ခေါ်တယ်။ HIV-1/2 အင်တီဘော်ဒီ သို့  HIV p24 အင်တီဂှင်းကို စမ်းတာဖြစ်တယ်။ အများအားဖြင့် ကူးစက်ခံရသူတွေမှာ ၂၈ ရက်ဆိုရင် အင်တီဘော်ဒီတွေထွက်လာပြီ။ အဲာကို စမ်းမရသေးတဲ့အချိန်ကာလ (၃ လ) ကို window period လို့ခေါ်တယ်။ စမ်းမရသေးပေမယ့် ပိုးတကယ်ရှိနေရင် သူများကိုတော့ ကူးနိုင်နေပြီ။

HIV testing services စမ်းပေးရာဌာနတွေမှာ (စီ) ၅ လုံးကိုလိုက်နာရမယ်။
Consent စမ်းဘို့သဘောတူညီချက်၊ Confidentiality အဖြေကိုတခြားထုတ်မပြောခြင်း၊ Counselling သိလိုတာပြောပြပေးခြင်း။ Correct test results အဖြေမှန်ပေခြင်းနဲ့ Connection ဆက်လုပ်စရာတွေဆီ ဆက်သွယ်ပေးခြင်း။

ကုသခြင်း
ART ဆေးပေးနည်းမှာ ARV ဆေး အနည်းဆုံး (၃) မျိုးပါတယ်။ တသက်လုံး ဆေးသောက်နေရမယ်။

ကာကွယ်ရေး
၁။ Male and female condom use ကျား-မ ကွန်ဒွမ်များ အသုံးချခြင်း
ယောက်ျားသုံး (လေးတက်စ် ကွန်ဒွမ်) သုံးရင် ၈၅% ကာကွယ်နိုင်တယ်။

၂။ Testing and counselling for HIV and STIs စမ်းသပ်ခြင်းနဲ့ ရောဂါအကြောင်းသိအောင်လေ့လာခြင်း

၃။ Testing and counselling, linkages to Tuberculosis (TB) care တီဘီ စစ်ဆေးခြင်းနဲ့ ဆက်သွယ်ပေးခြင်း
HIV ကနေသေဆုံးသူ ၃ ယောက်မှာ ၁ ယောက်ဟာ တီဘီနဲ့ဆက်စပ်နေတယ်။

၎။ Voluntary medical male circumcision ယောက်ျား ပန်းအဖျားဖြတ်ခြင်း
အာဖရိကတိုက်မှာ ၆ဝ% ကူးစက်ခံရမှုနည်းစေတယ်။

၅။ Antiretroviral (ARV) drug use for prevention ဆေးနဲ့ကာကွယ်ခြင်း
(က)  ART ဆေးသောက်နေရင် အဖော်ကို ၉၆% ကူးစက်မှုလျော့ပါးနိုင်တယ်။
(ခ) Pre-exposure prophylaxis (PrEP) ကြိုတင်ဆေးသောက်နည်း
(၈) Post-exposure prophylaxis for HIV (PEP) တွေ့ကြုံးပြီးနောက် ဆေးသောက်နည်းမှာ သံသယဖြစ်ရာနဲ့ တွေ့ကြုံအပြီး ၇၂ နာရီအတွင်းဆေးသောက်ရတယ်။

၆။ Harm reduction for injecting drug users မူးယစ်ဆေးသုံးစွဲသူများ
ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက်ထောက်ပံ့ပေးခြင်း၊ ဘိန်းအစားထိုးဆေးနဲ့ ထိုးဆေးမူးယစ်ဆေးစွဲနေတာကို ပြောင်းပေးခြင်း၊

၇။ Elimination of mother-to-child transmission of HIV (EMTCT) ပိုးရှိမိခင်ကနေ ကလေးဆီကူးစက်မှာကိုကာကွယ်ခြင်း = ကိုယ်ဝန်ဆောင်စဉ်၊ ကလေးဖွားစဉ်နဲ့ ကလေးနို့တိုက်စဉ်ကာလတွေမှာ သတိထားစရာတွေလိုက်နာရမယ်။ အဲလိုမလုပ်ရင် ကလေးကို ၁၅-၄၅% ကူးစက်နိုင်တယ်။ ၂ဝ၁၅ အကုန်မှာ HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် ၁့၎ သန်းကို ARV ဆေးပေးနိုင်ခဲ့တယ်။ အဲတာက ၇၇% သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး