Fantastic အံ့ချီးဘွယ်ရာ

သေချာကြည့်တော့ မျက်ဝါးထင်ထင် မြင်လာတယ်။ ပေါင်းလုပ်လာတာတော့ အကောင်းမဟုတ်တာ တွေ့လာတယ်။ ကြာကြာဝါးတော့ ခါးမှန်း ဂဃနဏသိလာတယ်။

တချို့က အတတ်ပညာတွေက မြားမြောင်လှတယ်။
တချို့က ကဗျာနုနုလှလှလေးတွေ ရေးသီကြတယ်။
တချို့က ပြောင်ပြောင်မြောက်မြောက် စာတွေရေးဖွဲ့တယ်။
တချို့က အပြောအဟောမှာ လက်ခုပ်သံတဖြောင်းဖြာင်း။
တချို့က အိုင်ဒီယော်လော်ဂျီမှာ ပဌမတန်း။
တချို့က ဝင်ထားတဲ့ ပါတီသင်းပင်းကလည်း ထိပ်တန်း။
တချို့က နောက်လိုက်နောက်ပါတွေကလည်း တသီတတန်း။

အဲဒီပုဂ္ဂိုလ်တွေ သူ့ဘဝကို ဘယ်လိုထိန်းကြောင်းသလဲ။
အဲဒီပုဂ္ဂိုလ်တွေ သူ့မိသားစုကို ဘယ်လိုမြေတောင်မြှောက်ပေးသလဲ။
အဲဒီပုဂ္ဂိုလ်တွေ သူ့အသိုင်းအဝိုင်းအတွက် ဘာတွေအကျိုးများစေသလဲ။
အဲဒီပုဂ္ဂိုလ်တွေ သူ့တိုင်းပြည်အတွက် ဘာတွေဆောင်ရွက်ပေးနိုင်သလဲ။
အဲဒီပုဂ္ဂိုလ်တွေ ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး