LDC အဓိပ္ပါယ်သစ်

(၂ နှစ်က ဒီနေ့မှာရေးပါတယ်)

မုံရွာက လူမှုရေးတွေလုပ်နေတဲ့ မိတ်ဆွေတယောက်က ဆရာ့ ကျွန်တော်သွားခဲ့တဲ့ ကျေးရွာတွေမှာ ရေသာက်စရာတောင် မဖူလုံတဲ့နေရာတွေက စာသင်ကျောင်းတွေမှာ မဆောက်မနေရ ရေအိမ်သာတွေဆောက်ခိုင်းလို့ ရေနဲ့မညားဘူပဲ့ ကွဲသွားတဲ့ ရေအိမ်သာတွေရှိတယ်လို့ ရေးပါတယ်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ဖြစ်တာမို့ ဆရာဝန်က မြန်မာ့အိမ်သာအကြောင်းရေးတော့ အိမ်သာနိုင်ငံရေးမလုပ်ပါနဲ့လို့ ပြောကြမလားမသိလို့ ကျွန်တော်က ရေးလိုက်ပါတယ်။

မြန်မာ့အိမ်သာ ကမ္ဘာလွှမ်းပြီ
၂ဝ၁၂ခုနှစ်စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ရေနှင့်အိမ်သာအဆင့်အတန်းမှာ ကမ္ဘာ့ထိပ်တန်းရောက်သွားခဲ့လေပြီ။ ထောင်စုနှစ်ရည်မှန်းချက်ကို သုံးနှစ်စော၍ ပြည့်မီခဲ့လေပြီ။ နယ်သာလန်တို့၊ နော်ဝေတို့နှင့်မြန်မာ တန်းတူဖြစ်နေ၍ မည်သူက ကူညီပါဦးမည်နည်း။ (ဒေါက်တာခင်မောင်လွင်၊ ဒီမိုကရေစီတူဒေး သတင်းစာ)

ကျောင်းသားတွေက ဆန္ဒပြကြတော့ ပညာရေးကို နိုင်ငံရေးမလုပ်ပါနဲ့လို့ ပြောကြတယ်။ ဆရာဝန်က မြန်မာ့အိမ်သာအကြောင်းရေးရင် အိမ်သာနိုင်ငံရေးမလုပ်ပါနဲ့လို့ သမတရဲ့ ဘယ်အကြံပေးက ပြောမလဲမသိဘူး။

မြန်မာပြည်ဟာ ၁၉၈၇ ခုနှစ် ဦးနေဝင်းလက်ထက်မှာ LDC ဖြစ်ခဲ့တာ သိတဲ့သူသာသိတယ်။ အင်္ဂလိပ်စာလုံး အတိုကောက်ကိုလည်း တချို့ကလွဲနေကြတယ်။ LDC= Least Developed Countries ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ဖြစ်ပါတယ်။

ခနဲ့သလိုပြောချင်လာတယ်။ LDC= Latrine developed country အိမ်သာဖွံ့ဖြိုးလာသောတိုင်းပြည်

ဒေါက်တာတင့်ဆွေ
၃-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး