Pearl Harbor bombed ပုလဲဆိပ်ကမ်းဗုံးကျဲခံရတဲ့နေ့

ဒီဇင်္ဘာ (၇) ရက်နေ့ဟာ အမေရိကန်ရေတပ်စခန်းကြီးရှိရာ ဟာဝိုင်ယီကျွန်းက ပုလဲဆပ်ကမ်းကို ဂျပန်ကနေ အလစ်ဝင်ပြီး ဗုံးကြဲဖျက်ဆီးခဲ့တဲ့နေ့ဖြစ်ပါတယ်။

၁၉၄၁ ခုနှစ်ကဖြစ်လို့ ဒီကနေ့ဟာ (၇၅) နှစ်မြောက်နေ့ဖြစ်ပါတယ်။ အမေရိကန်သမတ အိုဘားမားတက်ရောက်ပါတယ်။ အဲဒီတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်လူရွယ်တွေ အစုလိုက်အပြုံလိုက်စစ်ထဲဝင်ပါလာကြတယ်။ အိုဘားမားက အဲတာ ဟီရိုးတွေရဲ့မျိုးဆက်လို့ဆိုပါတယ်။ USS Arizona စစ်သင်္ဘောကြီးပေါ်မှာကျင်းပမယ့် အောက်မေ့ဘွယ် အခန်းအနားကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလည်း တက်ပါတယ်။ မေလတုန်းကလည်း အမေရိကန်တွေကနေ ၁၉၄၅ မှာ အနုမြူဗုံး ချခဲ့တဲ့ ဟီရိုရှီးမားကို အိုဘားမားသွားရောက်ခဲ့ပါသေတယ်။ အဲဒီတုန်းက ဂျပန် တသိန်းသေဆုံးခဲ့တယ်။

၁၉၄၁ ခုနှစ် ဒီဇင်္ဘာ (၇) မနက် ၇ နာရီ ၅၅ မိနစ်မှာ နေဝန်းတံဆပ်ပါ ဂျပန်ဗုံးကြဲလေယာဉ်တွေ အိုအာဟုကျွန်းပေါ်မှာ ဝဲလာကြတယ်။ ဂျပန်စစ်လေယာဉ်ပေါင်း ၃၆ဝ ပါတယ်။ ပုလဲဆိပ်ကမ်းကြီးကို ဗုံးကြဲဖျက်ဆီးကြတယ်။

အဲဒီနေ့က တနင်္ဂနွေနေ့မို့ အမေရိကန်စစ်သားတွေ အနားယူနေကြတာများတယ်။ မနက် ၇ နာရီ ၂ မိနစ်မှာ ရေဒါစခန်း နှစ်ခုကနေ အစက်အပျောက်တွေ့တယ်။ ဒါပေမယ့် ရန်သူလို့ထမထင်လို့ အချက်ပေးဥသြမဆွဲပါ။ အမေရိကန် စစ်သင်္ဘောကြီး (၈) စီးထဲက (၅) စီး၊ ဖျက်သင်္ဘော ၃ စီး၊ တခြားသင်္ဘော (၇) စီး၊ လေယာဉ်ပေါင်း (၂ဝဝ) ကျော်။ လူ ၂၄ဝဝ သေဆုံးတယ်၊ ၁၂ဝဝ ဒဏ်ရာရတယ်။

ဂျပန်ဖက်က လေယာဉ် ၃ဝ ပျက်ကျတယ်။ ရေငုပ်သင်္ဘော ၅ စီး။ လူ ၁ဝဝ အောက်သာသေဆုံးတယ်။ အမေရိကန်တွေ ကံကောင်းတာက ပစိဖိတ်သင်္ဘောအုပ်စုက အဲဒီမှာမရှိလို့ နောက် (၆) လနေတော့ လက်စားခြေစစ်ပွဲကို မဒ်ဝေးမှာ ဆင်နွှဲနိုင်ခဲ့တယ်။ ရုစ်ဗဲ့လ် ကွန်ကရက်မှာ မိန့်ခွန်း တိုတိုပြတ်ပြတ်ပြောအပြီးမှ ကွန်ကရက်က ဂျပန်ကိုစစ်ကြေညာဘို့ တခဲနက် ဆုံးဖြတ်ပေးလိုက်တယ်။ ဆီးနိတ်မှာ ၈၂ မဲ သုညမဲနဲ့အတည်ပြုတယ်။ ကွန်ဂရက်မှာ ၃၈၈ မဲ တမဲ။ တမဲဆိုသူကတော့ မွန်တာနားက ဂျင်းနက် ရန်ကင်ဖြစ်တယ်။

ဂျပန်ကိုစစ်ကြေညာအပြီး ဂျာမဏီနဲ့ အီတလီတို့လည်း အမေရိကန်ကို စစ်ကြေညာတယ်။ အမေရိကန်ကလည်း ပြန်ကြေညာတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် အသက်ပေါင်း (၄) သိန်းစွန့်လွတ်ခဲ့ရတယ်။

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး