Politics and the English Language နိုင်ငံရေးနဲ့ အင်္ဂလိပ်စာ

နိုင်ငံရေးနဲ့ အင်္ဂလိပ်စာကို George Orwell ဂျော့ခ်ျအိုဝဲလ်ကနေ ၁၉၄၆ ခုနှစ်မှာ ရေးသားခဲ့တာပါ။ သူ့ခေတ်မှာ နိုင်ငံရေးကို အင်္ဂလိပ်လိုရေးသားနေကြတာတွေထဲက ရုပ်ဆိုးအကျည်းတန်ပြီး မတိကျတဲ့အရေးအသားတွေကို ဝေဘန် ထောက်ပြထားပါတယ်။ အစဉ်အလာစွဲကဲလွန်တဲ့ (အော်သိုဒေါက်စ်) အင်္ဂလိပ်နဲ့ ဘာသာစကား အခြေပျက်ယွင်းစေတာကို ဆက်စပ်ပြထားပါတယ်။

သူ့အဆိုအရ မုသားတွေကို အမှန်တရားလို့ထင်မြင်စေမယ်။ လူသတ်မှုကို လေးစားစရာလို့ထင်သွားစေမယ်။ လေကို အစိုင်အခဲတခုလို ထင်မှတ်မှားစေမယ်။ အသုံးပြုတဲ့ဘာသာစကားဟာ တမင်တကာကို ဝေဝါးစေတာမို့ အမှန်ကို ထုတ်ဖေါ်ဘို့ထက် ဖုံးကွယ်ဘို့ရာ အသုံးချနေတာဖြစ်တယ်။ အဲလိုမရှင်းမရှင်းရေးသားခြင်းဟာ ကူးစက်မှုတခုဖြစ်ပြီး အမှန်ကိုမဖုံးကွယ်လိုသူတွေဆီကိုပါ ရောက်ကုန်တယ်။ အဲလိုနဲ့ စာရေးသူရဲ့အတွေးအမြင်ကို သူ့ကိုယ်သူရော တခြားလူတွေကပါ မမြင်စေအောင် ဖုံးကွယ်စေတော့တယ်။

ဝေဝါးရေးမယ့်အစား ခိုင်မာတိကျမှုနဲ့ ရှင်းလင်းတာကို အားပေးတယ်။ ဒါ့ပြင် နိုင်ငံရေးအရ လိုက်လျောညီထွေမှုထက် တဦးချင်းပုံပေါ်စေဘို့အားပေးတယ်။ ဆိုးတဲ့သီကုံးမှုနဲ့ ဖိနှိပ်မှု အိုင်ဒီယော်လော်ဂျီကြား နီးကပ်တဲ့ဆက်စပ်မှုရှိတယ်။ အဲဒီခေတ်မှာ နိုင်ငံရေးမိန့်ခွန်းတွေ အရေးအသားတွေမှာ ခုခံကာကွယ်လို့မရနိုင်တာတွေကို ခုခံကာကွယ်ရေး လုပ်နေကြတယ်။ အိန္ဒိယမှာ ဗြိတိသျှဆက်လက်အုပ်စိုးထားမှု၊ ရုရှားမှာ လူတွေအပြုံလိုက်ရှင်းထုတ်မှုနဲ့ တခြားကို ထွတ်သွားစေခြင်း၊ ဂျပန်မှာ အနုမြူဗုံးတွေချတာတွေမျိုးကို ခုခံကာကွယ်ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် ငြင်းဆိုချက်တွေဟာ လူအများအတွက်တော့ သိပ်ရက်စက်တယ်။ အဲတာဟာ နိုင်ငံရေးပါတီတွေရဲ့ အသက်မွေးမှုဆိုင်ရာ ရည်ရွယ်ရင်းနဲ့ မညီတော့ဘူး။

နိုင်ငံရေးဘာသာစကားမှာ အများအားဖြင့် အကောင်းမြင်မှု၊ မေးခွန်းကိုမျှော်လင့်ခြင်းနဲ့ တိမ်သလ္လာဖုံးထားခြင်းတွေ ရောနေသင့်တယ်။ ခုခံမှုအရှင်းမရှိတဲ့ကျေးရွာလေးတွေပေါ်ကို လေကနေဗုံးတွေကျဲချတယ်။ နေထိုင်ကြသူတွေကို အဝေးကိုမောင်းထုတ်တယ်။ ကျွဲနွားတွေကို မရှင်းဂန်းနဲ့ပစ်တယ်။ တဲအိမ်တွေကို မီးလောင်စေတဲ့ကျည်တွေနဲ့ မီးတင်ရှို့တယ်။ အဲတာကိုငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ခေါ်နေတယ်။ သန်းပေါင်းများစွာသောလယ်သမားတွေ လုယက်တိုက်ခိုက်ခံကြရတယ်။ သူတို့မသယ်နိုင်တာတွေထမ်းပြီး လမ်းတွေပေါ်သွားခိုင်းတယ်။ အဲတာကို လူဦးရေ နေရာချထားခြင်း၊ ရှေ့တန်းကိုခိုင်မာအောင်ပြုလုပ်ခြင်းလို့ခေါ်ကြတယ်။ လူတွေကို တရားမစီရင်ပဲ နှစ်တွေအကြာကြီး ထောင်သွင်းအကျဉ်းချထားတယ်။ ဂုတ်ပိုးနောက်ကနေ သေနတ်နဲ့ပစ်တယ်။ (အားတစ်) စခန်းကို စကာဗီရောဂါနဲ့ သေအောင်ပို့တယ်။ အဲတာကို မလိုလားအပ်သူများကို ရှင်းလင်းသုတ်သင်ရေးလို့ အမည်ပေးတယ်။ ဒီလိုစကားစုတွေ ရေးသားခြင်းဟာ ကိုယ့်စိတ်ဓါတ်ပုံရိပ်ကို မဖေါ်လိုသူတွေအတွက်တော့ လိုအပ်မှာပါ။

ဘာသာစကားရဲ့ ကြီးမားတဲ့ရန်သူဟာ မရိုးသာခြင်းဖြစ်တယ်။ တစုံတယောက်ရဲ့ တကယ့်အရှိနဲ့ ကြေညာထားတဲ့ ရည်ရွယ်ချက်ကြား ကွာဟမှုရှိနေရင် သူ့သဘာကို၌က စကားအရှည်ကြီးတွေပြောမယ်၊ ကင်းမွန်ငါးကနေ မင်တွေ ပန်းထုတ်တယ်ဆိုတာမျိုး လူတွေသိပ်မသုံးတဲ့ အီဒီယမ်တွေကိုသုံးတတ်ကြတယ်။ စာရေးသူရဲ့မရိုးသားမှုဟာ အထူးသဖြင့် နိုင်ငံရေးသမားတွေမှာ အကောင်းမြင်မှုကိုဖုံးကွယ်၊ ဘာသာစကားကို ကောက်ကွေ့လိုတာနဲ့ပဲ ဘာသာစကား ကျဆင်းတဲ့အထိ ဖြစ်စေတယ်။ စကားအရာကျဆင်းခြင်းဟာ လူပါကျဆင်းတာဖြစ်တယ်။

လူတယောက် အရက်သောက်သလိုပဲ။ သူမအောင်မြင်လို့သောက်တယ်။ ဆက်သောက်တော့ အကုန်လုံး ဆုံးရှုံးတော့တယ်။ အင်္ဂလိပ်စာလည်း အရုပ်ဆိုးလာတယ်။ မတိမကျဖြစ်လာတယ်။ အတွေးအခေါ်ကိုက ရူးသွပ်လို့ ဖြစ်တယ်။ အနှစ်မပါတဲ့ စကားကို ဘက်မလိုက်သလိုထင်အောင်၊ သိပ္ပံနည်းကျတယ်မှတ်အောင်သုံးတယ်။ ထုတ်ပြန်ချက်ကို ဖတ်တဲ့သူတွေ သဘောမပေါက်အောင် အဓိပ္ပါယ်မဲ့တဲ့စကားတွေကိုသုံးတယ်။ အနုပညာဝေဖန်ရေး၊ စာပေဝေဖန်ရေးတွေကို စာအရှည်ကြီးတွေရေးတယ်၊ အဓိပ္ပါယ်က ပါမလာဘူး။

ကုထုံးခြောက်ဖြာ
အရေးအသားမကာင်းတာကနေ ခွဲထွက်လာဘို့ အက်စပရင်ဆေးပြား လက်တကမ်းမှာထားသလို့ဆိုပြီ အိုဝဲလ်က တင်စားရေးပါတယ်။ ကျဆင်းနေတဲ့အင်္ဂလိပ်စာအရည်အသွေးကို ပြန်ပြင်နိုင်တယ်လို့ ဆိုပါသေးတယ်။

၁။ (မက်တာဖေါ်) ဥပစာစာလုံး၊ ဥပမာ အာချီးလိစ်ဖနောင့်။ အများသဘောမပေါက်လောက်တာတွေကို ဆိုလိုတယ်။

၂။ စကားလုံးအတိုရှိနေရင် ရှည်တာကိုမသုံးပါနဲ့။

၃။ ဖြစ်နိုင်ရင် စကားလုံးအရှည်ကို ဖြတ်တောက်ပါ။

၎။ (အက်တစ်) သုံးလို့ရနေတာကို (ပင်ဆစ်) မသုံးပါနဲ့။

၅။ နိုင်ငံခြားစကားစု၊ သိပ္ပံဝေါဟာရ၊ ဗန်းစကား မသုံးပါနဲ့။

၆။ ကြမ်းတမ်းတာကို တန်းပြောမယ့်အစား ဒီဥပဒေသတွေကိုချိုးဖေါက်ပါလေ။

(ဘာသာပြန်အားနည်းမှုရှိနိုင်ပါတယ်။)

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး