Wa ကျောက်စိမ်း၊ ရာဘ၊ ဝ နဲ့ စစ်အစိုးရ

(မနှစ်က ဒီနေ့မှာ ရေးခဲ့တာ)

ဝလူမျိုးထဲမှာ UWSA ဝလက်နက်ကိုင်တပ်ရှိတယ်။ နိုင်ငံရေးပါတီလည်းရှိပါတယ်။ UWSA က (နဝတ) စစ်အစိုးရနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ်လို့ ပြောတယ်။ အဲဒီကတည်းကလက်နက်တွေ တိုးပွါးလာတာတော့အမှန်ပဲ။ UWSA တပ်မှာ စစ်အင်အား ၂ သောင်းခွဲရှိတယ်။ ၂ဝဝ၈ Jane Intelligence Review အစီရင်ခံစာအရ တရုပ်ဟာ အဓိက လက်နက်ရောင်းပေးနေသူ ဖြစ်တယ်။ ၂ဝဝ၁ အစီရင်ခံစာအရ တရုပ်ကနေ HN-5N Surface-to-air missile (SAMs) မြေပြင်မှဝေဟင်ပြစ်ဒုံးပျံတွေ ဝယ်ထားတယ်။ ၂ဝ၁၄ အစီရင်ခံစာအရ FN-6 Surface-to-air missile ဒုံးပျံတွေကိုပါ ဝယ်ထားပြီးပြီ။ ၂၉-၄-၂ဝ၁၃ အစီရင်ခံစာအရ Mil Mi-17 ဟယ်လီကော်ပတာတွေဝယ်ထားတယ်။ TY-90 air-to-air missiles လေယျာဉ်မှဝေဟင်ပြစ် ဒုံပျံတွေလည်း တရုပ်ဆီကပဲ ဝယ်ထားပါတယ်။

ဖားကန့်ကျောက်စိမ်းဒေသမှာ မြေပြိုကျလို့ လူပေါင်းတရာကျော် သေဆုံးခဲ့တဲ့ ရတနာရောင်ခြည်ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်းကို ဝေရှောက်ခန်း ထိန်းချုပ်ထားတာဖြစ်တယ်လို့ Global Witness ကပြောလိုက်ပါတယ်။ ကျောက်စိမ်းလုပ်ငန်းက ဒေါ်လာ (၃၁) ဘီလီယံပမာဏရှိတယ်။ ဝေရှောက်ခန်ဟာ UWSA ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တယ်။

ဒါ့ပြင်သူဟာ မက်သာဖက်တမင်း (ရာဘ) စိတ်ကြွဆေးပြားထုတ်လုပ်မှုကို ချုပ်ကိုင်ထားတဲ့ အကြီးဆုံး မူးယစ်ရာဇာလည်း ဖြစ်ပါတယ်။ မြန်မာ့ကျောက်စိမ်းလုပ်ငန်းမှာ အဓိကပတ်သက်နေတဲ့ကုမ္ပဏီက မြန်မာ-တကောင်း ကျောက်မျက်ရတနာ ကုမ္ပဏီဖြစ်တယ်၊ အဲဒီကုမ္ပဏီကနေ ကျောက်စိမ်းတွင်းပေါင်း (၅ဝ)ကို ထိန်းချုပ်ထားတယ်။ ဝေရှောက်ခန်ကုမ္ပဏီတွေရဲ့ မူရင်းလုပ်ပိုင်ခွင့်လိုင်စင်တွေကို (နအဖ) စစ်ဗိုလ်ချုပ်တွေက ချပေးခဲ့တာဖြစ်တယ်။

ဝေရှောက်ခန်ကိုဖမ်းမိရင် အမေရိကန်ဒေါ်လာ ၂ သန်းဆုငွေပေးမယ်လို့ DEA အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တို့က ၂ဝ၁ဝပြည့်နှစ် သြဂုတ်လက ကြေညာချက်ထုတ်ထားပါတယ်။
(ဗကပ) ကနေခွဲထွက်ပြီး UWSA တည်ထောင်တဲ့နေ့ ၁၉-၄-၁၉၈၉ မှာ လွတ်လပ်ရေးကြေညာထားတယ်။ ၉-၅-၁၉၈၉ နေ့မှာ စစ်အစိုးရနဲ့ အပစ်ရပ်စာချုပ်ချုပ်တယ်။ တပြည်လုံးအပစ်ရပ်စဲရေးမှာ လက်မှတ်ထိုးမထားပါ။ ဝလူမျိုးတွေဟာ တရားဝင်တိုင်းရင်းသားတွေလည်းဖြစ်တယ်။ နောက်ပိုင်းမှာ တရုပ်လူမျိုးတွေနဲ့ တရုပ်သွေးနှောတွေက များလာတယ်။

ကျွန်တော့်ပြည်ပနိုင်ငံရေးထဲက လုပ်ဖေါ်ကိုင်ဖက် (ကွယ်လွန်သွားပြီဖြစ်တဲ့) ရှမ်းခေါင်းဆောင်တယောက်ရှိတယ်။ မြန်မာနိုင်ငံရဲ့ ပဌမဆုံးသမတရဲ့သားအကြီးဆုံဖြစ်ပြီး ရှမ်းလက်နက်ကိုင်တပ်ကို အစဆုံးထူထောင်ခဲ့သူ တယောက်ပေါ့။ ကျွန်တော်နဲ့သူနဲ့ တူတာက ဥရောပနိုင်ငံတွေမှာ အစည်းအဝေးတက်ရရင် သူရော ကျွန်တော်ပါ ငရုပ်သီးတမျိုးမျိုး ထည့်ယူလာကြတယ်။ သူပြောတာတခုကို မှတ်မိနေတယ်။ သူတပ်ထောင်တော့ စစ်သားစုတဲ့အထဲမှာ ဝလူမျိုးတွေလည်း ပါသတဲ့။ တနေ့တော့ သူ့တပ်နဲ့အတူ ရှမ်းပြည်မှာ မီးရထားတစီးနဲ့တွေ့တော့ ဝလူမျိုးစစ်သားတွေကနေ ဟာ့ ဘာကောင်ကြီးမှန်းမသိဘူးဆိုပြီး ထွက်ပြေးကြပါသတဲ့။ အဲတာက ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးစလောက်ကပါ။ ဝတွေကို ခေါင်းဖြတ်သူတွေလို့ တချို့စာတွေမှာရေးထားပါတယ်။ ထိုင်းနယ်စပ်မှာကျင်းပတဲ့ အစည်းအဝေးတွေမှာ ဝအဖွဲ့ကိုယ်စားလှယ်တွေနဲ့ ဆုံဘူးပါတယ်။ ယဉ်ကျေးကြပါတယ်။

ဒီစာရေးထားတာ တနှစ်တိတိရှိပြီ။ တနှစ်အတွင်း အဖြစ်အပျက်တွေလည်းများတယ်။

ဒေါက်တာတင့်ဆွေ
၎-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး