We are all in the same boat တလှေတည်းပေါ်မှာ

အဖြစ်အပျက်တခုဖြစ်ပြီးရင် ကိုယ်အရင်ကထင်ထားခဲ့တာနဲ့ တထပ်တည်းကျ မကျ သုံးသပ်ကြရပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းကအာဏာသိမ်းတော့ သူ့အာဏာယူတာ အဲလောက်ထိကြာမယ်လို့ ထင်ခဲ့သူမရှိလောက်ပါ။ ၁၉၈၈ ဗိုလ်ချုပ်စောမောင်အာဏာသိမ်းတော့လည်း မကွာလောက်ပါ။ ဒါတွေကအချိန်ကာလ ထင်ကြေး။ အစဉ်အလာ ရှိထားတော့ ပြည်ခိုင်ဖြိုးကိုလည်း ဆင်းမပေးလောက်ဘူးထင်ကြသူတွေကို အပြစ်မဆိုသာပါ။

ဗိုလ်နေဝင်းကို ကြိုဆိုသူတွေကကြိုဆိုကြတယ်။ ဗိုလ်စောမောင်အာဏာသိမ်းတာတော့ ကြိုဆိုမယ့်သူ ရှိခဲ့မယ်မထင်ပါ။ ဗိုလ်ချုပ်စောမောင်ကို အရာချပြီး ဗိုလ်သန်းရွှေကအာဏာယူတော့ အရင်လူလောက် ဆိုးမယ်မထင်သူတွေရှိခဲ့တယ်။ တက်တက်စင်လွဲကြပါလေရော။ အထင်ဆိုတာ ဗေဒင်မဟုတ်ပါ။ အထင်မမှန်တာ၊ တွက်ကိန်းလွဲတာတွေကတော့ (နော်မယ်လ်) သာဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုဆိုတာလည်း ပုံမှန်စိတ်သာဖြစ်လို့ အပြစ်မဆိုသာပါ။

အခုအစိုးရသစ်မှာ ထင်ထားတာတွေရော ထင်မထားတာတွေပါဖြစ်တယ်။ ငြိမ်းချမ်းရေးကို မူသစ်နဲ့လုပ်မှ တိုက်ပွဲသစ်တွေ ဖြစ်တယ်။ မြန်မာပြည်မှာ လူမျိုးစုပေါင်း (၁၃၅) ရှိတာကို တချို့က ဂုဏ်တင်ကြတယ်။ တချို့က အဲလောက်များနေလို့ ပိုခက်တယ်လို့ ပြောကြတယ်။

ကျွန်တော်တို့ဟာ သင်္ဘောတခြားစီကနေစီးလာခဲ့ကြပေမယ့် အခုလှေတစင်းတည်းပေါ်မှာ အတူရောက်နေကြပြီလို့ (မာတင်လူသာကင်၊ ဂျူနီယာ) ကပြောခဲ့တယ်။ ကျွန်တော်တို့က သင်္ဘောကြီးပျက်လို့ လှေပေါ်မှာ အတူရောက်နေကြတာ။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး