မုံ့လုံး စက္ကူကပ်
ကြာအေး နဲ့ ဂျာအေး ဘယ်ဟာက အမှန်ပါလဲ ဆရာ
ကြာအေး မှားတယ်။ ပို့ပေးတဲ့ပုံထဲမှာ (ဂ) ကို ရရစ်နဲ့ ရေးထားတာ မှားတယ်။ ဂငယ်ကို ရရစ်တာ ဂြပ်ကောင်၊ ဂြပ်မြွေ နဲ့ ဂြိုဟ် သာရှိတယ်။ ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငိုပါတာကို သံခွေပတ်သီချင်းလို့ ခေါ်တယ်။
ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ
တွဲလဲနေပါဦး မိုးတောင်ကချုန်း မုံ့လုံး
မုံ့လုံးစက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင်
ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းတက်လို့ပြေး ဂျာအေး
ဂျာအေး သူ့အမေရိုက် မှောင်မိုက်မှာငို
့
့
မှတ်ချက် = မုန့်လို့မရေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment