Hepatitis B Antibody Level ဘီပိုး အင်တီဘော်ဒီ အနည်းအများ

၁။ ဆရာ ကျွန်မက အသက် ၃၀ ရုံးဝန်ထမ်းပါ လွန်ခဲ့တဲ့ ၂၀၁၃ ကစပြီး B ပိုး ကာကွယ်ဆေးကို ၁လ ၁ခါ ၃ ကြိမ် ထိုးပါတယ် ၂၀၁၄ မှာ booster 1 ထိုးပါတယ် ခု ၂၀၁၈ မှာ နောက်ဆုံး booster ကို ထိုးဖို့ အပြင်ဆေးခန်းသွားတာ antibody စစ်ရမယ်ဆိုလို့ စစ်တော့ 3.65 ပဲ ရတော့ B ပိုး ရှိမရှိ ပြန်စစ်ဖို့နဲ့ ဆေးကို အစကပြန်ထိုးဖို့ labက ပြောတာကို နားမလည်လို့ပါ ဆရာ ကျွန်မက ၂လလောက်ကြရင် ပြည်ပခရီး သွားရမှာမို့ စိတ်ပူလို့ပါဆရာ ကျွန်မ ဘာလုပ်သင့်ပါသလဲ

၂။ ဆရာဆေးအောင်မအောင် antibody level အကြောင်းလဲသိချင်ပါတယ်ခင်ဗျ။

၃။ ဆရာရှင့် အသည်း B ပိုးရှိပြီး >1000.00 reactive လို့အဖြေထွက်လာပါတယ်။ စိုးရိမ်ရပါသလားရှင့်။ နယ်ကနေ လာနေတဲ့သူ ဖြစ်ပါတယ်။ ဆေးကုသဖို့ လိုအပ်ပါသလားရှင့်။

အသဲရောင်ဘီပိုး အင်တီဘော်ဒီ တနည်းအားဖြင့် ခုခံစွမ်းအား ဘယ်လောက်များရင် ဘီပိုးကို ကာကွယ်နိုင်သလဲ။ ဒီအချက်ကိုသိဘို့ သုတေသနတခုကို အာဖရိကတိုက် ဂမ်ဘီယာမှာ ကလေးပေါင်း ၇ဝဝ ကိုလုပ်ခဲ့တယ်။ ခုခံအားဆိုတာကို တိတိကျကျပြောရရင် vaccine-induced hepatitis B surface antibody ဘီပိုး ကာကွယ်ဆေး ထိုးတာလို့ ရလာတဲ့ မျက်နှာပြင် အင်တီဘော်ဒီဖြစ်တယ်။

ကလေးပေါင်း ၁ဝ၄၁ ယောက်ကို မွေးကာစကတည်းက ဘီကာကွယ်ဆေးထိုးပေးပြီး ၇ နှစ်အရွယ်ထိ စဉ်တိုက် လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဖြေကနေ ကောက်ချက်ဆွဲနိုင်တာကတော့ ဘယ်လောက်များမှသာ ကာကွယ်မယ်ဆိုတာကို အတိအကျကြီး မပြောနိုင်ပါ။ ကလေးတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် အင်တီဘော်ဒီတွေ ထွက်လာတယ်။ အများဆုံး ⩾10 IU/L ဆိုရင် hepatitis B surface antigen ဘီပိုး မျက်နှာပြင် အင်တီဂျင်ကို ကာကွယ်နိုင်တယ်။ ကူးစက်ခံထားရတဲ့ကလေး ၄၅ ယောက်ထဲက ၃ ပုံ ၂ ပုံမှာ ခဏတာကူးစက်တာတွေ့ရတယ်။ အဲဒီအချက်ရဲ့ သက်သေကတော့ Core antibody အဓိကအင်တီဘော်ဒီမရှိတာ့တာဖြစ်တယ်။ အဲဒီ ယာယီကူးစက်မှုဟာ Surface antibody level မျက်နှာပြင်အင်တီဘော်ဒီ အနည်း-အများနဲ့ ဆက်စပ်နေတယ်။

အသဲရောင်ဘီ အဖြစ်များရာဒေသတွေမှာ ဘီကာကွယ်ဆေးထိုးရတာရဲ့ ရည်ရွယ်ချက်က နာတာရှည်အသဲရောဂါနဲ့အတူ တွဲနေတဲ့ Hepatitis B carrier state ရောဂါသယ်ဆေင်သူအဖြစ်ကို ကာကွယ်ဘို့ ဖြစ်တယ်။ ကလေးပေါင်း ၁ဝ၄၁ ကိုလိုက်ပေမဲ့ ၇၆၄ ကိုသာလိုက်လို့ရခဲ့တယ်။ ၇ နှစ်အရွယ်ထိလိုက်နိုင်ခဲ့တာက ၇ဝ၄ ယောက် ရှိတယ်။ ၁ နှစ်ကြာချိန်မှာ ကလေး ၉၄% မှာ Surface antibody-positive မျက်နှာပြင်အင်တီဘော်ဒီ အပေါင်း (Anti-HBs ⩾10 IU/L) ရှိကြပြီး၊ Core antibody အဓိကအင်တီဘော်ဒီ မရှိပါ။ ဒီကလေးတွေဟာ ကာကွယ်ဆေး အပြည့်ရထားတယ်။ ကူးစက်မှုမရှိကြဘူး။

• ၁% ဟာ ကာကွယ်ဆေးကို တုန့်ပြန်မှုမရှိဘူး။
• ၃၃ ယောက် (၄%) မှာ Surface antibody မျက်နှာပြင်အင်တီဘော်ဒီရော Core antibody အဓိကအင်တီဘော်ဒီပါ ရှိနေကြတယ်။
• ဒါပေမဲ့ ၃၃ ယောက်ထဲက ၃၁ ယောက်ဟာ ဒုတိယနှစ်မှာ Core antigens အဓိကအင်တီဘော်ဒီ မရှိတော့တာ တွေ့ရတယ်။ မိခင်ဆီကနေ Passive antibody transfer အင်တီဘော်ဒီရလာတာလို့ ယူဆနိုင်တယ်။
• ကလေး ၃၃ ယောက်မိခင်တွေ ၁၁ ယောက်ဟာ ဘီပိုးကိုသယ်ဆောင်ပေးနေကြသူတွေဖြစ်တယ်။ ၆ ယောက်ဟာ e antigen-positive အီးအင်တီဂျင် အပေါင်းပြသူတွေဖြစ်တယ်။ ဆိုလိုတာက သူတို့သွေးထဲမှာ Core antibody အဓိက အင်တီဘော်ဒီတွေ များနေတယ်။
• ကလေး ၄ ယောက်ဟာ Surface antibody မျက်နှာပြင်အင်တီဘော်ဒီ မရှိဘဲ၊ Core antibody အဓိက အင်တီဘော်ဒီ ရှိကြတယ်။ သူတို့ထဲက ၂ ယောက်ဟာ Surface antigen-positive မျက်နှာပြင်အင်တီဘော်ဒီ အပေါင်း၇ နှစ်အရွယ်အထိ ရှိနေကြတယ်။ သူတို့ဟာ carriers ရောဂါသယ်ဆောင်ပေးနေသူတွေ ဖြစ်ကြတယ်။ ဒီကလေး ၂ ယောက်ရဲ့ အမေတွေဟာ e antigen-positive carriers အီးအင်တီဂျင် သယ်ဆောင်ပေးနေသူတွေဖြစ်ကြလို့ မီးတွင်းမှာ အမေတွေဆီကနေ ကူးစက်ခံထားရတာဖြစ်မယ်။
• ကာကွယ်ဆေးထိုးပြီး ၇ နှစ်နောက်ပိုင်းမှာ အင်တီဘ်ေဒီ လျော့နည်းလာတယ်။
• ၅ နှစ်သားမှာ Surface antibody-positive မျက်နှာပြင်အင်တီဘော်ဒီအပေါင်း ကလေးတွေ ၈၄% ရှိရာကနေ ၇ နှစ်သားမှာ ၆၈% သာ ရှိတော့တာ တွေ့ရတယ်။ Antibody decay အင်တီဘော်ဒီပျက်သုန်းခြင်းလို့ ခေါ်တယ်။
• ၁ နှစ်အရွယ်မှာ anti-HBs <10 IU/L က ၁% ရှိရာကနေ ၂-၄ နှစ်သားမှာ ၄% ရှိလာတယ်။ ၅ နှစ်မှာ ၁၁%၊ ၇ နှစ်မှာ ၂၅% ရှိလာတယ်။
• Core antibody-positive အဓိကအင်တီဘော်ဒီ အပေါင်းဖြစ်သူတွေ ၂ နှစ်နောက်မှာများလာတယ်။ သူတို့ဟာ Surface antibody-negative မျက်နှာပြင်အင်တီဘော်ဒီ အနုတ်ဖြစ်ပြီး၊ core antibody-positive အဓိကအင်တီဘော်ဒီ အပေါင်းဖြစ်တယ်။
• ဒါကြောင့် ကူးစက်မှုဟာ ၇ နှစ်အရွယ်မှာ ၇၃ ယောက် (၂့၇%) ထိတက်လာတယ်။
• ကူးစက်မှုခံရတဲ့ကလေး ၄ ယောက်မှာ Surface antigen မျက်နှာပြင်အင်တီဂျင် တွေ့ရတယ်။

ချုပ်လိုက်ရင် အပြည့်အဝကာကွယ်မှုကို Antibody level အင်တီဘော်ဒီလယ်ဘယ် ဘယ်လောက်မှာ ရမယ်ဆိုတာ မရှိပါ။ ဒါပေမဲ့ Highest antibody stratum (>10,000) အများဆုံးဖြစ်နေရင် ၉၉% ကာကွယ်မယ်။ ဒီအချက်မှာ လတ်တလောရထားတဲ့ အင်တီဘော်ဒီကိုပြောတာဖြစ်တယ်။ ကူးစက်ခံရတဲ့ကလေး အများစုဟာ Core antibody ပင်မ အင်တီဘော်ဒီနောက်မှာ ပျောက်လာတယ်။ Core antibody reversion အဓိက အင်တီဘော်ဒီ နောက်ကြောင်းပြန်ခြင်းလို့ ခေါ်တယ်။

အင်တီဘော်ဒီအနည်း-အများကို ဆရာဝန်တွေကြား ငြင်းခုန်မှုတွေရှိတယ်။ သေချာတဲ့အချက်သိလာရရင် ကာကွယ်ဆေးကို ၃ ကြိမ်ပြည့်အောင်ထိုးပြီးနောက် Booster vaccination ကာကွယ်ဆေး ထပ်ထိုးဘို့လို-မလိုကို ဆုံးဖြတ်နိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၄
၎-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး