Chinese tourists have the money, but not the manners
တရုပ်ခရီးသွားများ ပိုက်ဆံသာရှိပြီး ရိုင်းစိုင်းကြသည် ပိုက်ဆံချမ်းသာကြသူတွေ တရုပ်ပြည်မကြီးကနေ တိုင်းတပါးကိုခရီးလှည့်လည်ရာမှာ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်လွန်းတယ်ဆိုတဲ့ နာမည်ပျက်မှုကို လူတိုင်းကပြောနေကြပါပြီ။ တရုပ်ကမ္ဘာလှည့်ခရီးသည်တွေကို ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ကိုရောက်တော့ အဝေးပြေးလမ်းမ ခရီးတဝက်မှာ အလေးအပေါ့သွာဘို့ ဆင်းကြတယ်။ စကားပြန် လင်ဒါလီက ရေအိမ်သာသုံးခ €0.7 (HK$6.62) ပေးရမယ်လို့ ရှင်းပြရတယ်။ ဘတ်စ်ကားပေါ်မှာ တရုပ်တွေ တယောက်တခွန်းပြောကြပါလေရော။ ဟောင်ကောင်မှာဆို ပိုက်ဆံပေးရတဲ့အိမ်သာသုံးရင် 0.5 yuan (HK$0.63) ပဲပေးရတယ်လို့။ တရုပ်ခရီးသွားအများစု အဲတာဆို အဲဒါကို သုံးမနေတော့ဘူး လမ်းဘေးသွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လီက ခေါင်းခါပါသေးတယ်။ ဒါပေမဲ့ ကျကျနန ဝတ်ထားတဲ့ တရုပ်အမျိုးသားကြီးတဦးလည်း လမ်းဘေးမှာပဲ သေးပေါက်တာတွေ့လိုက်ရလို့ စကားပြန်မှာ ပိုပြီး အံသြရပါတော့တယ်။ နောက် ၇ နှစ်နေတော့ လီကပြန်တာမှာ အဲဒီ €0.7 မပေးချင်တဲ့တရုပ်ကြီးက အဲဒီခရီးမှာ ယူရိုထောင်နဲ့ချီပြီးသုံးခဲ့တယ်၊ Vacheron Constantin လက်ပတ်နာရီဝယ်သွားတယ်တဲ့။ တရုပ်တွေဟာ ငွေတွေအထပ်လိုက်သာမက အိမ်ရှင်နိုင်ငံတွေဆီကို ပြဿနာတွေ တလှေကြီးပါသယ်လာ...