Wednesday, February 18, 2015

Prayers ဆုတောင်းခန်း

• စစ်သား ရှေ့တန်းသွားရတာ ကိုယ်ချင်းစာတယ်။ ဆုတောင်းပေးပါတယ်။ တရားသောစစ် အစစ်ကိုသာ တွေ့ပါစေ။
• အမတ်များ လွှတ်တော်သွားရတာ အားမကျပေမဲ့ ဆုတောင်းပေးပါတယ်။ နောက်တခါလည်း အရွေးခံကြရပါစေ။ ၄၃၆ တောင်ကြီးကို ကျော်လွှားနိုင်ကြပါစေ။
• နိုင်ငံရေးပါတီတွေ တချို့ကိုထောက်ခံတယ်၊ ဆုတောင်းပေးပါတယ်။ ရွေးကောက်ပွဲကော်မရှင် ရင်ဆိုင်နိုင်ပါစေ။ ၂ဝဝ၈ ချောက်ကြီးထဲက တက်လာနိုင်ကြပါစေ။
• ကျောင်းသား လမ်းလျှောက်ကြတာ ချီးကျူးပါတယ်။ ပညာကောင်းစားရေးမှန်သမျှ ထောက်ခံတယ်။ နိုင်ငံရေးစနစ်ဆိုးအတွက်ပါ လမ်းလျှောက်ဘို့ရာ လူတွေကိုသင်ပေးနိုင်ကြပါစေ။
• အရပ်သားတွေ စားဝတ်နေရေး ပြေလည်ကြပါစေ။ အာဏာရှင်ကျိန်စာက မြန်မကြာ လွတ်မြောက်နိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...