Royal carriage ဖုတ်သွင်းရထား

• မြန်မာပြည်မှာအိပ်ယာထ၊ မင်္ဂလာစကားတွေနဲ့နှုတ်ဆက်ကြ ကောင်းပ၊
• ဒီမှာကနေဝင်၊ အပြင်မထွက်ကြ၊ အအေးဒဏ်ကခက်ပါလှ၊
• တချို့နေရာမှာဆိုရင် နေဝင်မီးငြိမ်း၊ မငြိမ်းချမ်းကြ၊ ဆုတောင်းပေးပါရ။

• နေတစင်းအောက်မှာ မတူပါ၊
• လတစင်းအောက်မှာ မတူပါ၊
• မင်းစိုးရာဇာတခုတည်းအောက်မှာ မတူပါ၊
• နေကလည်းမကွဲပြား၊ လကလည်းမကွဲပြားပါ။

ဒါပေမဲ့ဗျာ့
• ကျောရင်သား မခွဲခြားတဲ့မင်းတရား၊ ဘယ်တော့များမှနန်းတက်မှာ၊
• မင်းလောင်းရှာတဲ့ကျောက်ဖြာ ဘယ်မှာရှာရမသိပါ၊
• ၂ဝဝ၈ ထဲမှာမပါတော့သေချာ၊ ရှိတဲ့နေရာပြောကြပါ၊
• ဖုတ်သွင်းရထားပေါ်မှာ မင်းမြှောက်တန်ဆာတွေအစုံပါ၊
• ကြာတော့ ကြာနေပြီပေါ့ဗျာ။     ။

နောက်ခံ = ဇနက္ကဇာတ်တော်မှာ မင်းလောင်းရှာတဲ့အခါ မင်းမြှောက်တန်ဆာငါးပါးကို ဖုတ်သွင်းရထားမှာပေါ်တင်ပြီး၊ အဓိဋ္ဌာန်နဲ့ အရှာထွက်ပါတယ်။ ဖုန်သွင်းရထားဟာ မင်းလောင်းအိပ်စက်နေရာမှာလာဆိုက်ပါသတဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး