Twilight နေဝင်ဆည်းဆာ

Lin Htin = ပြည်တွင်းက ဂျာနယ်လစ်တစ်ယောက်ရဲ့ ဆေးလိပ်ဆန့်ကျင်ရေးဆောင်းပါးမှာ တင်မိုးရဲ့ အင်မတန် ကျော်ကြားလှတဲ့ ဆေးလိပ်လည်းတို နေလည်းညိုပြီ ဧည့်သည်ကြီးကဗျာကို ယူသုံးပြီး၊ ကဗျာဆရာ့နာမည်မသိလို့ သိတဲ့သူရှိရင် လက်တို့ကြပါတဲ့ ဘုရား ဘုရား။ တင်မိုးကို မသိတော့တဲ့အန္တရာယ်ဟာ ဆေးလိပ်အန္တရာယ်အောက် မလျော့ဘူးလို့ ကျနော်တွေးနေမိတယ်။

ဟုတ်တယ်ဗျာ။ နေသာညိုပေမယ့် ဆရာတင်မိုးဟာ နေမဝင်နိုင်တဲ့ကဗျာရှင်ပါ။ တခါကရေးဖြစ်တာလေး ပြန်တင်ပေးပါရစေ။

• နေ့ အလင်းပေးခဲ့ပေ၊ အနွေးပေးတဲ့တာဝန်ကျေ၊
• အလင်းနဲ့အနွေးရသူတွေ အနားရကြစေ။

• ဆည်းဆာ့ ဝါရွှေညိုပြာ၊ ကျတာ နိမ့်တာ၊
• ကုန်ဆုံးတော့မှာ ဝမ်းနည်းစရာ သံဝေဂရစရာ။

• လ့ နေကရတဲ့အမွေ၊ လူတွေ၊ အပင်တွေ၊ ငှက်တွေ အေးမြ အနားရကြစေ၊
• အမွေပေးသူကို အမွေရသူတွေက မမေ့အပ်ကြပေ၊
• ဝင်တော့မဲ့နေ တာဝန်ကျေပြီးရင်းကျေ။

• တခါက နေညိုတာကို ဆေးလိပ်တိုတာနဲ့ တွဲစပ်ဖွဲ့ခဲ့တဲ့ဆရာ သိပ်အမှတ်ရပါ။
• နေဝင်ဆည်းဆာမှာလဲ အားမွေးနိုင်ကြပါစေဗျာ။     ။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး