Kokang by US-based Chinese TV အမေရိကန်အခြေစိုက် တရုတ် TV မှ သတင်းထုတ်လွှင့်ချက်

• ကိုးကန့်ဒေသဟာ ၁၈၉၇ ချင်မင်းဆက်တုံးက ဗြိတိသျှဗားမားထဲမှာ ပါနေခဲ့တယ်။
• ၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရတော့ ကိုးကန့်ဒေသဟာ တရုပ်ပြည်ထဲမှာပါလာတယ်။
• ၁၉၆ဝ ချူအင်လိုင်းက တရုပ်-မြန်မာ စာချုပ်ချုပ်ဆိုပြီး ကိုးကန့်ဒေသကို မြန်မာနိုင်ငံကိုပေးခဲ့တယ်။ အဲဒီကတည်းက မြန်မာပြည်မှာ ကိုးကန့် တိုင်းရင်းသားလူမျိုးစုလို့ဖြစ်လာခဲ့တယ်။
• တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေဟာ နယ်မြေရောင်းစားသူတွေလို့ သတင်းဌာနက စွပ်စွဲတယ်။
• ၁၉၈၉ မှာ MNDAA အဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့သဘောတူပြီးတော ဖုန်ကြားရှင်က ကိုးကန့်မှာ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွါးရေးတွေကို ချယ်လှယ်ခွင့်ရလာတယ်။ တရုပ်ယွန်ငွေကိုသုံးပြီး ကျောင်သုံးစာအုပ်ကလည်း တရုပ်ဘာသာဖြစ်တယ်။ လျှပ်စစ်၊ စာတိုက်၊ ဘဏ်၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို တရုပ်ဖက်ကယူတယ်။ တယ်လီဖုန်းကုဒ်ကိုလည်း ယူနန် ချိုင်းနားမိုဘိုင်းကသုံးတယ်။
• ၂ဝ၁၅ ဖေဖေါ်ဝါရီ ၉ ရက်ကစတဲ့တိုက်ပွဲဟာ ၂ဝဝ၉ တုံးက တိုက်ပွဲတွေဖြစ်ခဲ့တာနဲ့ ဆင်တူနေတယ်။ လက်ရှိ တရုပ် ယူနန်နယ်ထဲမှာ ဒုက္ခသည် ၁ သိန်းရောက်ရှိနေပြီ။
• ကိုးကန့်ခေါင်းဆောင်တွေက တရုပ်နဲ့ပါင်းဘို့ နှစ်ပေါင်းများစွာ ကြိုးစာနေခဲ့တယ်။ ဒါပေမဲ့ တရုပ်က အခုထိ ငြိမ်နေတယ်။ ထောက်ခံလိုက်ရင် Xinjiang Uyghur ဇင်ဂျန်း အူဂါ၊ တိဘက်၊ တိုင်ဝမ် အရေးတွေမှာ တရုပ်ကို ဆန့်ကျင်ပြီး ထောက်မဲ့နိုင်ငံတွေရှိလာမှာစိုးရိမ်လို့ဖြစ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး