Monday, February 16, 2015

Rangoon ရန်မကုန်မြို့တော်

• ၁၁ ရာစုမှာ မွန်တွေတည်ထောင်ထားတဲ့ ဒဂုံမြို့ကို ၁၇၅၅ မှာ အလောင်းဘုရားက သိမ်းပိုက်ပြီးနောက်မှာ ရန်တွေကုန်သွားတဲ့ အတိတ်နိမိတ်နဲ့ ရန်ကုန်လို့ နာမည်ပေးလိုက်တယ်။
• ပထမ အင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၂၆) မှာ အင်္ဂလိပ်သိမ်းတာထဲပါသွားကတည်းက Rangoon လို့ ခေါ်တယ်။
• ၁၉၈၉ မှာ အာဏာသိမ်းစစ်အစိုးရက Yangon လို့ ပြောင်းလိုက်တယ်။
• ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးရပြီးနောက် ၂ဝဝ၅ ခုနှစ်အထိ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့မြို့တော် ဖြစ်ခဲ့တယ်။
• ရန်ကုန်ဟာ ကိုလိုနီဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ အချက်အခြာမြို့တော်ဖြစ်တယ်။ နာမည်ဆိုးနဲ့ကြော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်လည်း ရန်ကုန်မှာရှိတယ်။
• အုပ်ချုပ်ရေးနေရာကို နေပြည်တော်ကို ပြောင်းသွားပေမဲ့ ရန်ကုန်ဟာ လူထုလှုပ်ရှားမှုမြို့တော် ဆက်ဖြစ်နေတယ်။ ၂ဝ၁၅ ခု ဖေဖေါ်ဝါရီလမှာ ရန်ကုန်အဝင်လမ်းတွေမှာ သံဆူးကြိုးတွေကာထားပြီး ကျောင်းသားသပိတ် စစ်ကြောင်းတွေကို ရန်ကုန်ထဲဝင်မလာဘို့ အမိန့်တွေလည်း ထုတ်ထားတယ်။
• စစ်အုပ်စုအတွက်တော့ ရန်ကုန်ဟာ ရန်မကုန်တဲ့မြို့တော်သာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...