Blazing Snow မီးလောင်နေတဲ့ နှင်းတော

• မနေ့ကနေ့ခင်းတုံးက ထန်းသမားတျာချင်းကိုတင်ခဲ့တယ်။ ညရောက်တော့ ကိုယ်နေခဲ့တဲ့နေရာမုံရွာမှာ မီးလောင်သတဲ့။ ကနေ့မနက် အခုနေရတဲ့နေရာမှာ သည်နှစ်ဆောင်းမှာ အထူဆုံးနှင်းကျနေတယ်။
• လောကကြီးဟာ အပူတွေ အအေးတွေ ရောထွေးနေတယ်။
• ပူလောင်တာတွေ၊ အေးခဲတာတွေကနေ လွတ်ကင်းရာကိုရှာဘို့ မခက်လှပါ။
• မီးငြိမ်းသတင်းလည်းဖတ်ရပြီ၊ တျာချင်းလည်းဆုံးသွားပြီ၊ အနွေးပေးစက် ဆက်လည်နေပြီ။
• ဒါပေမဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြာင်းတရားတွေဆိုတာ မပြတ်စဲပါ။
• ပြတ်စဲရာ လွန်မြောက်ရာရှာဘို့သာ ခက်ခဲလှတယ်။
• မရနိုင်တာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး