Dhamma ဓမ္မ

Dhamma ဓမ္မ

• တပ်မတော်သားတွေကျဆုံးတာကို ကိုယ်တိုင်ကိုယ်ကျ ဆွမ်းကျွေးရ၊ အမျှဝေရတာ မကြုံဘူးသေးပါ။ ကိုယ်ကျင်လည်ရာ မဟုတ်လို့ပါ။
• လွန်ခဲ့တဲ့၂၅ နှစ်အတွင်းမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ကွယ်လွန်ကြသူတွေ မနည်းတော့ပါ။ ကိုယ့်သားတယောက် အပါအဝင် ကိုယ်တိုင်ဆွမ်းကျွေးရ အမျှဝေရ၊ အသုဘစီမံရတာတွေများပါတယ်။
• တချို့ကတော့ မြန်မာပြည်ကနေလာရင်း ကျွန်တော်နေတဲ့အရပ်မှာ ကွယ်လွန်လို့ အသုဘစီမံပေးရတာတွေပါရှိခဲ့တယ်။
• ကျန်တာတွေကတော့ ဒီမိုကရေစီရေးရရှိရေးလှုပ်ရှားမှုထဲကပါ။ ကျောင်းသားတွေ၊ NLD ပါတီဝင်တွေ၊ စင်ပြိုင်အစိုးရမှာ ဝန်ကြီးတာဝန်ယူသူတွေ၊ ပြည်ပရောက်အမတ်တွေနဲ့ တခြားဒုက္ခသည်တွေလည်းပါတယ်။
• ပြည်တွင်းမှာ ကွယ်လွန်သွာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေအတွက် အပြင်ကနေ ဆွမ်းကပ်ရတာ၊ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရတာလည်းရှိတယ်။
• ကျောင်းသားတွေ သေဆုံးချိန်မှာ သူတို့အမေ-အဖေတွေ အနားမှာမရှိကြလို့ ကိုယ်ကပဲ မိဘလိုလုပ်ပြီး စီမံရာပေးရတာလည်းရှိပါတယ်။
• သေဆုံးရသူတွေဟာ ကျန်းမာရေးကြောင့် သေဆုံးရတာတွေအပြင် သွေးအေးအေးလုပ်ကြံခံရသူတွေနဲ့ တိုက်ပွဲကျသူတွေလည်းပါတယ်။
• ဘာသာမတူသူတွေလည်း မနည်းလှပါ။ ဒေလီမှာနေခဲ့ရတုံးက မြန်မာခရစ်ယာန်အသင်းတော်တွေကို နာရေးမှာ အထူးသဖြင့် ချီးကျူးမိတယ်။ ဝတ္တရားကျေပွန်ကြတယ်။
• နာရေးဆိုတာ အတန်းအစားမရွေးပါ။ အသက်မွေးမှုတခုက တဦးဦးကွယ်လွန်ရတာမှာ ကျန်တခုကနေ အပြစ်ဖို့တာ ဓမ္မနဲ့မညီပါ။ ဒီအသက်မွေးမှုကပိုတယ်လို့လည်း မထင်သင့်ကြပါ။
• ကွယ်လွန်သူများအားလုံး ကောင်းရာသုဂတိလားကြပါစေ။     ။

Dharma (သင်္သကရိုက်၊ သက္ကတ)၊ Dhamma (ပါဠိ)

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ