Family spacing သားသမီးတယောက်နဲ့တယောက် ဘယ်လောက်ခြာသင့်သလည်း

ဒီဆေးစာမှာ ဖြေရမဲ့သူက မေးပါရစေ။ ကျွန်တော့်မေးခွန်းက ကိုယ်ဝန်ဘယ်တော့ဆောင်မလည်းဆိုတာ ဘယ်သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသလည်း။ မိဘတွေလား၊ အစိုးရလား၊ လွှတ်တော်လား။ ဘုန်းတော်ကြီးလား။

အမျိုးသမီးအသက်ဟာ ၃ဝ ကျော်နေပြီဆိုရင်တော့ ကလေးခြာပြီးမှယူဘို့ဆိုတာ မစဉ်းစားသင့်တဲ့ စိတ်ကူးပါ။ အသက် ရလာလေလေ ကလေးရလမ်း နည်းလာလေဖြစ်တယ်။ အသင့်မြတ်ဆုံးလေ့လာမှုနှစ်ခုကို ကိုးကားတင်ပြပါမယ်။ နိုင်ငံရေးမပါပါ။

(၁) BabyCenter Editorial Team
• ၂ဝဝ၆ လေ့လာမှုတခုအရ ကိုယ်ဝန်တခုနဲ့တခုကြားမှာ ၇ လကနေ ၁၇ လခြားရင်လည်း ၆ လသာခြားပြီး နောက်ကိုယ်ဝန်ဆောင်သူတွေထက် ကလေးစောမွေးတာနဲ့ အလေးချိန် နည်းတဲ့ကလေး မွေးတာ ပိုများကြတယ်။ ၁၈ လ ကနေ ၂၃ လခြာတာ ပိုသင့်တယ်လို့ အကြံပေးပါတယ်။
• ၅ နှစ်အထိခြားထားပြန်ရင်လည်း ကလေးစောမွေးတာနဲ့ အလေးချိန်နည်းတဲ့ကလေးမွေးတာ ပိုများကြတယ်။
• ကလေးယူတာခြာလေလေ ကလေးတွေရဲ့စိတ်ပိုင်းမှာ ညီအကိုမောင်နှမသိပ်မဆန်ကြတာ ဖြစ်စေနိုင်တယ်။
• အကောင်းဆုံး ကိုယ်ဝန်ခြာဘို့ရာ စံပြဂဏန်းပြောရရင် ၆ လ ကနေ ၁ နှစ်ဖြစ်ပါတယ်။

(၂) Mayo Clinic Staff မေးယိုးကလင်းနစ်
• မိဘတွေက နောက်ကလေးယူဘို့ အဆင်သင့်ရှိကြပြီးလားဆိုတာကို အတွဲတခုချင်းမှာ ကိုယ်ပိုင် စဉ်းစားချက်တွေ ရှိကြပါမယ်။
• သုတေသနတွေအရ ကလေးတယောက်နဲ့ နောက်တယောက် နီးလွန်းတာလည်း မကောင်း၊ ဝေးလွန်းတာလည်း မကောင်းပါ။
• ၁၂ လခြားမယ်ဆိုရင် ဖြစ်လာနိုင်တာတွေကတော့ Placental abruption ကလေးမမွေးခင် သားအိမ်ထဲမှာ အချင်းကွာခြင်း၊ Placenta previa အချင်းရှေ့ရောက်ဖြစ်ခြင်း၊ Autism နောက်ကလေးမှာ ဥာဏ်ရည်မမီခြင်းတွေ သူများထက် ပိုဖြစ်နိုင်ခြေများတယ်။
• ၁၈ လထက်ပိုနီးရင် နောက်ကိုယ်ဝန်မှာ ရိုးရိုးမွေးရာကနေ Uterine rupture သားအိမ်ကွဲတာ ပိုဖြစ်နိုင်ခြေ များတယ်။ Low birth weight အလေးချိန်နည်းတဲ့ကလေး၊ Preterm birth စောမွေးတဲ့ကလေး ပိုဖြစ်နိုင်တယ်။
• ကလေးတယောက်နဲ့ နောက်တယောက်ခြာရင်ကော Preeclampsia ကိုယ်ဝန်သွေးဆိပ်တက်ခြင်း၊ Preterm birth စောမွေးခြင်း၊ Low birth weight အလေးချိန် မပြည့်ကလေးမွေးခြင်းတွေ ပိုဖြစ်နိုင်တယ်။
• အကောင်းဆုံး ကိုယ်ဝန်ခြာကာလကို ၁၈ လနဲ့ ၂၄ လလို့ သတ်မှတ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး