Twilight ညနေဆည်းဆာ

• နေညိုနေတာ အရာရာ အိုသွားပြီ၊
• နေကျလာပေါ့၊ အစစ မလှတော့ပြီ၊

• အားအင်ကုန်ခမ်း မရွှင်လန်း ပင်ပမ်းကြမယ်ထင်၊
• နေမဝင်ခင် နောက်ကိုပြန်ဆင်ခြင်၊
• နေအလင်းနဲ့ တင်းခဲ့တဲ့အားအင်၊

• နေအစွမ်းနဲ့ ဖြတ်သန်းနိုင်ခဲ့တဲ့အရာတွေ၊
• နေအနွေးနဲ့ တွေးခဲ့ရေးခဲ့နိုင်တာတွေ၊
• နေရဲ့ကျေးဇူး အထူးအောက်မေ့သင့်ကြပေ၊

နေ့တနေ့မှာ့
• အရုဏ်ဆည်းဆာ၊ နေ့ချိန်ခါ၊
• ညနေဆည်းဆာ၊ ညခင်းသာ၊
• အချိန်ခါပိုင်းတော့ လေးပိုင်းပါ။

ဆည်းဆာချိန်မှာ့
• မိဖတွေဟာ အိုနာ၊ လုပ်ကြွေးပြုစုဘို့ရာ အချိန်ရသေးတာသိပါစေ၊
• တိုင်းပြည်ကြီးဟာ အိုနာ၊ ပြုပြင်ရေးမှာ လုပ်ချိန်ရှိသေးတာလည်းသိပါစေ။
• နေညိုတယ်ဆိုပေမဲ့ နေမဝင်သေးတာပါသိပါစေ။     ။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး