Sony နဲ့ ခရိုမီ

၁။ ဆရာ အစိုးရပိုင်မဟုတ်တဲ့ ရုပ်သံလွှင့်မီဒီယာဟာ ဘက်လိုက်မှုရှိသင့် မရှိသင့်။

ဒေါ်အမာလို့ထင်ပါတယ်၊ ပြောဘူးတယ်မဟုတ်လား။ စာနယ်ဇင်း ဘက်မလိုက်ဘူးဆိုတာ လိမ်တာကွဲ့တဲ့။

၁၉၄၈-၁၉၆၂ အတွင်းမှာ အဝါ၊ အနီ၊ အပြာခေတ်မို့၊ စာနယ်ဇင်းတွေက အရောင်တခုခုကို လိုက်ကြတယ်။ အစိုးရက ကွန်မြူနစ်ဆန့်ကျင်ရေး ရေးတယ်။ ကနေ့ မြန်မာပြည်မှာ အာဏာရှိ (ရှင်) လား၊ အာဏာမဲ့လား ရွေးကြတယ်။ ပုဂ္ဂလိကလည်း မတူးဘူး။ ဟိုလိုလို သည်လိုလိုဆိုရင် ညံ့လို့။

၂။ အစိုးရမီဒီယာတွေက သူတို့အတွက်မဲရဖို့ မသိမသာစည်းရုံးရေးလုပ်တယ်။ ဒီပုဂ္ဂလိက မီဒီယာက အတိုက်အခံကို ပုတ်ခတ်တဲ့ထုတ်လွှင့်မှုတွေလုပ်တယ်။ ဒါတော့ မကောင်းဘူး ထင်တယ်။ ကြားနေရမယ်လို့တော့ မဆိုလိုပါဘူးဆရာ။ စည်းရှိသင့်တယ်ထင်လို့ပါ။

ရေးတာ၊ ရွေးတာမှာ ပညာပါရတယ်။ CNN, BBC, Times, Newsweek တွေအဆင့်အတန်းဟာ သိတဲ့အတိုင်းပဲ။ သူတို့လည်း ဘက်လိုက်တယ်။ ဒါပေမဲ့ အဆင့်ရှိတယ်။ အဆင့်ရှိပေမဲ့ Al Jazeera (အယ်လ်ဂျာဇီရာ) ကတော့ နာမည်နဲ့တင် ဘက်လိုက်တာသိသာလို့ အာရတ်နဲ့ မွတ်ဆလင် ပရိတ်သတ်သာများတယ်။

Sony အမှတ်တံဆိပ်ပါ ကုန်တွေကို ဂျပန်ကထုတ်ပေမဲ့ ဂျပန်နာမည် ယူမထားဘူး။ စာအုပ်လေး ဖတ်ဘူးတယ်။ (မာဆူရာ အိုင်ဘူကာ) ဟာ Tokyo Tsushin Kogyo နာမည်နဲ့ ကက်ဆက် ရီကော်ဒါတွေ စထုတ်တယ်။ ၁၉၅၈ မှာ Sony လို့ ပြောင်းလိုက်တယ်။ Sony နာမည်ဟာ လက်တင်လို Sonic နဲ့ Sound လို့ အဓိပ္ပါယ်ရတဲ့ Sonus ကနေလာတယ်။ Sonny လို့ လုပ်ရင်တော့ Boy လို့ အဓိပ္ပါယ်ရတယ်။ ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးနှစ်လုံးကြဲခံရပေမဲ့ အင်္ဂလိပ်နဲ့ အမေရိကန်ကို အရမ်းကာရောမုန်းတီးပြီး၊ ဂျပန်မှဂျပန်လို့ မျက်ကန်းမျိုးချစ် မလုပ်ခဲ့ဘူး။

ကနေ့မြန်မာပြည်မှာ အထဲနေပြီး၊ အထဲသွားပြီး၊ မီဒီယာလုပ်ငန်းလုပ်သူတိုင်းဟာ Compromise လုပ်တယ်လို့ခေါ်တဲ့ ကိုယ့်အရည်အသွေးကို ရေမရောရင် ရပ်တည်ဘို့ခက်ကြတယ်။ အရည်အချင်း နည်းတာတော့ မဟုတ်လောက်ပါ။ လက်သင်တွေကတော့ ခုထိတော့ မှိုပေါက်တဲ့ရာသီမှာသာ သာရှိသေးတယ်။

စာနယ်ဇင်းဖတ်သူတွေကလည်း အစိုးရထုတ်တွေကိုသာ ဖတ်၊ ကြည့်၊ နားထောင်တဲ့အဆင့်က တက်မလို့ရှိသေးတာ။ အစဉ်အလာဟောင်းနဲ့ ရင်းနှီးမြှုပ်နှံအားတွေကို ပုဂ္ဂလိကအစစ်တွေက မမီနိုင်သေးပါ။ ပုဂ္ဂလိကထဲမှာလဲ ခရိုနီမီဒီယာ (ခရိုမီ) တွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး