Who said so ဘယ်သူပြောတယ်လို့ ထင်ကြပါသလည်း

• ရန်ကုန်မြို့က ရေနက်တဲ့နေရာပါ။ ရေလည်းနစ်တတ်တယ်။ (ကြက်ခြေနီအသင်းကပြောတာ မဟုတ်ပါ။)
• ရန်ကုန်မှာ လောင်စာရှိတယ်။ (စွမ်းအင်ဝန်ကြီးကပြောတာ မဟုတ်ပါ။)
• ရန်ကုန်မြို့မှာ ရဲကိုတောင် ဓါးနဲ့ဆင်းခုတ်တာရှိတယ်။ (ရဲချုပ်ကပြောတာ မဟုတ်ပါ။)
• ကားပြတ်လို့ ဒေါကန်နေသူတွေရှိတယ်။ သူတို့ရဲ့ဒေါသတွေလည်းရှိတယ်။ (ဆရာတော်ကဟောတာ မဟုတ်ပါ။)
• စားဝတ်နေရေးအတွက် တနေကုန်ရုန်းကန်နေရသူတွေရှိတယ်။ (အလုပ်သမားဝန်ကြီးကပြောတာမဟုတ်ပါ။)
• တဖွဲ့ဖွဲ့က တခုခုလုပ်လိုက်ရင် ရုန်းရင်းဆန်ခတ်ဖြစ်မယ်။ (ပြည်ထဲရေးဝန်ကြီးကပြောတာ မဟုတ်ပါ။)
• ဒီမှာရှိတဲ့ ၆ သန်းသောလူထု ဒုက္ခရောက်ကြတယ်။ (UNHCR ကပြောတာ မဟုတ်ပါ။)

• အဖြေ = ပညာရေးဒုဝန်ကြီးကနေ  ကျောင်းသားတွေ ရန်ကုန်အထိမလာဘို့ ပြောတာပါ။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး